(Zawgyi)
(ပန်းချီကားထဲက ငိုရှိုက်သံ)🌸~တီ......တီ.....တီ.....တီ....~
ရိပေါ်နဲ့ကျန်းချန် စားသောက်ဆိုင်တစ်ဆိုင်ထဲ၌ ထိုင်နေတုန်း ဖုန်းဝင်လာတာကိုမကိုင်ပဲ ငေးငိုင်နေတဲ့ရိပေါ်ကြောင့် ကျန်းချန်က
"ဟျောင့် ရိပေါ် ဖုန်းလာနေတယ်လေ ကိုင်လိုက်ဦး"
ထိုအခါ အသိစိတ်ပြန်ဝင်ကာ ဖုန်းကိုင်လိုက်တဲ့ရိပေါ်
"Hello"
"Helloငါ့တူ ဦးလေးပြန်လာပြီ အခုလေဆိပ်မှာ"
"အင်း"
"အင်းလုပ်မနေနဲ့ ဧည့်သည်တွေလည်းပါလာတယ် အခု မင်းဘယ်မှာလဲ"
"အခုကျွန်တော် Coming Loveမှာ"
"အေး ဒါဆို အခု အဲ့ဆိုင်ကနေ အိမ်ကိုအမြန်ပြန် ဧည့်သည်တွေက နိုင်ငံခြားသားတွေမို့လို့ ဦးလေးတို့ရဲ့တရုတ်ရိုးရာ အစားအစာတွေနဲ့ ဧည့်ခံချင်တယ်"
"အဲ့တော့"
"အဲ့တော့ ငါ့တူရယ် မင်းကိုပဲတာဝန်လွှဲရမှာပေါ့"
"ကျွန်တော်မှ မချက်တက်တာ"
"အော် ငါ့တူရယ် မင်းကိုချက်ခိုင်းမလား မင်းဟင်းမချက်တက်တာ ဦးလေးသိတာပေါ့"
"အဲ့တော့ အခုကျွန်တော်က ဘယ်လိုလုပ်ပေးရမှာလဲ"
"အခု မင်းComing Loveမှာမလား"
"ဟုတ်တယ်"
"အဲ့ဒီဆိုင်ကနေ မာလာဟော့ပေါ့၆ပွဲ ၊ အအေးက သားအဆင်ပြေတာ ဝယ်ခဲ့လိုက် ပြီးတော့ ကြက်ဥပေါင်းလေးရယ် နောက်ပြီး ကြေးအိုးနှစ်ပွဲနဲ့ ကော်ရည်ခေါက်ဆွဲတစ်ပွဲဝယ်ပြီး အိမ်ကို မြန်မြန်ပြန် ပြီးရင် စားပွဲမှာ ပြင်ဆင်ထားလိုက် ဦးလေးအလာဆို ကွက်တိ"
"ဟင်းးးးး"
"သ-က်ပြင်းမချပါနဲ့ငါ့တူရယ် နော်နော် ဦးလေးကို ကူညီပါကွာ"
"အင်းပါ ဒါပဲမလား အခုဝယ်ပြီး အိမ်ပြန်လိုက်မယ် "
"ကျေးဇူးပါငါ့တူရာ"
"အင်း bye"
ရိပေါ် ဖုန်းချတော့ ကျန်းချန်က
"ရိပေါ် မင်းဦးလေးက ဘာတွေပြောလိုက်လဲ"
YOU ARE READING
🌸The sound of crying in the painting[Complete](ပန်းချီကားထဲကငိုရှိုက်သံ)🌸
Fanfiction❄️စာရေးဆရာလေးဝမ်ရိပေါ်ဟာ သူ့ဇာတ်ညွှန်းအတွက် ကုန်ကြမ်းရှာရန် ပန်းချီပြပွဲတစ်ခုကိုသွားရင်း ထိုပန်းချီပြပွဲတွင် လေလံတင်ရောင်းချမယ့် ပန်းချီကားတစ်ချပ်တွေ့သွားပြီး သူ့ကုန်ကြမ်းအတွက်အသုံးချရန် ဝယ်ယူခဲ့ရာမှစတင်၍ အသက်ဝင်နေတဲ့ ပန်းချီကားထဲက အရှင့်သားနဲ့စာရေ...