🌸Part-5🌸

1.2K 119 4
                                    

🌸 The sound of crying in the painting (ပန်းချီကားထဲက ငိုရှိုက်သံ)🌸

မနက်ခင်းမိုးသောက် တိမ်ဖြူတွေလွှင့်နေချိန် နိုးထလာတဲ့ ဝေ့ရင်းလေး

"အိပ်လို့ကောင်းလိုက်တာကွာ အင်းးးးးး"

ဝေ့ရင်း အကြောဆန့်နေလိုက်ပြီး အိပ်ယာမှထသွားတော့သည် ။ ရေချိုးဆောင်ထဲသို့ ရေချိုးရန်တံခါးဖွင့်လိုက်တော့

"အား!!!"

ရေချိုးဆောင်ထဲမှာ တွေ့လိုက်တဲ့လူကြောင့် ဝေ့ရင်း လန့်သွားပြီး အော်တော့ ထိုလူက လှည့်ကာ

"အရှင့်သား"

"ဟင်! အား အားလန်!"

"ဟုတ်ပါတယ် ကျွန်တော်မျိုးပါ အရှင့်သား"

"မင်းက ဘာလို့ ငါကိုယ်တော့်ရေချိုးဆောင်ထဲ ရောက်နေတာလဲ"

"ကျွန်တော်မျိုးကို မနက်ခင်းအစောကြီးလာပြီး အရှင့်သားရဲ့ ရေချိုဆောင်ထဲက ရေစည်ထဲကို ပန်းတွေ အမွှေးနံ့သာတွေထည့်ခိုင်းလို့ပါ အရှင့်သား"

"ဟင် အဲ့ဒါက နန်းတွင်းသူတွေ လုပ်ရမယ့်ကိစ္စလေ ဘာကြောင့်မင်းကို လုပ်ခိုင်းရတာလဲ"

"အဲ့ဒါတော့ ကျွန်တော်မျိုးမသိပါဘူး အရှင့်သား ဒါပေမယ့် ကျွန်တော်ထင်တာကတော့ မနေ့ညနေက ဘုရင့်အမိန့်တော်နဲ့ ကျွန်တော်မျိုးကို အရှင့်သားအတွက်သာ အမှုထမ်းရမယ်ဆိုတဲ့အကြောင်းမိန့်သွားပါတယ် အရှင့်သား ဒါကြောင့် ဒါမျိုးတွေ ခိုင်းတာဖြစ်မယ်ထင်တယ် အရှင့်သား"

"အော်....ဒီလိုလား ဒါဆို ကိုယ်တော့်ကိစ္စအဝဝအကုန် မင်းပဲ လုပ်ပေးရမှာပေါ့နော်"

"ဟုတ်ပါတယ် အရှင့်သား"

"အော်...."

"အရှင့်သား ရေချိုးဖို့အတွက် ဝတ်စုံချွတ်ပါမယ်"

"ဟင်!?  ဟို မ မ မဖြစ်ဘူးနော်"

ဝေ့ရင်းစကားမဆုံး ဝတ်ရုံကြိုးကို စဖြည်နေတဲ့အားလန်ကြောင့် ဝေ့ရင်းမှာ ရင်တလှပ်လှပ်ဖြင့်

"မရှက်ပါနဲ့ အရှင့်သား ကျွန်တော်မျိုးတို့က ယောင်္ကျားတွေပဲလေ"

"ဟင် ဟို အင်း"

(ဘာ ယောင်္ကျားတွေပဲလဲ တခြားသူဆို ဟုတ်သေး ဒါပေမယ့် မင်းကတော့ မပါဘူးလေ အားးးငါရှက်လိုက်တာ သေတော့မှာပဲ)

🌸The sound of crying in the painting[Complete](ပန်းချီကားထဲကငိုရှိုက်သံ)🌸Where stories live. Discover now