🌸Part-3🌸

1.6K 129 3
                                    

🌸The sound of crying in the painting (ပန်းချီကားထဲကငိုရှိုက်သံ)🌸

ပန်းနုရောင်ချယ်ရီပင်အောက်မှာ စိမ်းပြာရောင်ဝတ်စုံကိုဝတ်ပြီး အကြည်ရောင်ပုဝါပါးလေးအပေါ်  အနီရောင်ချည်လေးထွင်းဖောက်ပြီး ပန်းထိုးနေတဲ့ မင်းသားလေးဝေ့ဝူရှန့် အလွန်တရာမှ လှပပြီး ကျက်သရေအပေါင်းနဲ့ပြည့်စုံလွန်းသည်

"အရှင့်သား အဲ့ဒီပုဝါပေါ်မှာ ဘာကိုထွင်းထိုးနေတာပါလဲ အရှင့်သား"

"နှလုံးသားဆိုတဲ့စာလုံးကို ထိုးနေတာလေ အထိန်းတော်လီရဲ့"

"အော်...အရှင့်သား"

"ဟင်"

"အရှင့်သား ကြိုက်နှစ်သက်တဲ့ ကြင်သူရော မရှာတော့ဘူးလား အရှင့်သား ဒီလိုကြီးပဲ နေသွားလို့မရသေးဘူးလေ"

"ဟင်းးးးးကျဲ...ကိုယ်တော့်ကို အဲ့ဒီကိစ္စတွေ မပြောပါနဲ့ မသိချင်ဘူး စိတ်လည်း မဝင်စားဘူး ဒါကြောင့် နောက်မပြောနဲ့နော် တော်ပြီ ချည်လည်း ဆက်မထိုးချင်တော့ဘူး ပြန်တော့မယ်"

"ဟင် အရှင့်သားရယ် ကျွန်တော်မျိုးမ စိုးရွံမိပါတယ် ချည်က ပြီးခါနီးပြီလေ ဆက်ထိုးလိုက်ပါအရှင့်သားရယ်...နော်"

"ဟွန့် မနက်ဖြန်မှ ဆက်ထိုးမယ် ဒီနေ့တော့ ပြန်ရအောင် နေလည်းဝင်နေပြီလေ "

"ဟုတ်ကဲ့ပါ အရှင့်သား"

ဝေ့ရင်းနဲ့ သူ့အထိန်းတော်ကျန်းယမ်လီတို့ နန်းဆောင်သို့ ပြန်သွားတော့ နန်းရင်ပြင်ကနေ ဖြတ်ရသည်

ထိုအခါ တွေ့လိုက်သော မြင်ကွင်းတစ်ခုကြောင့် ဝေ့ရင်းတစ်ယောက် စိတ်ထဲမချမ်းမြေ့ပေ

"အရှင့်သား ဘာကိုရပ်ကြည့်နေတာပါလဲ.....ဟင်....အရှင့်သားသွားရအောင် တော်ကြာ မင်းကြီးသိသွားမှဖြင့် အရှင့်သား အဆူခံနေရပါဦးမယ်"

"ရှူးးးးးးတိတ်တိတ်နေ"

"အော် ဟုတ်ကဲ့အရှင့်သား"

ဝေ့ရင်း ထိုမြင်ကွင်းကို အကွယ်တစ်နေရာကနေ ကြည့်နေသည်

ကြည့်နေရင်း သူ့မျက်ဝန်းထဲဝင်လာတဲ့ မြင်ကွင်းတစ်ခု ။ သုံ့ပန်းတစ်ယောက်ကို ကန်ကြောက်နေတာ မြင်ရက်စရာပင်မရှိ ။ ထိုသူကလည်း ဒူးမထောက်ပဲ ငြိမ်ခံနေ၍ ဝေ့ရင်းပိုသနားလာသည်

🌸The sound of crying in the painting[Complete](ပန်းချီကားထဲကငိုရှိုက်သံ)🌸Where stories live. Discover now