🌸Part-11🌸

1K 105 3
                                    

(Zawgyi)


"မဟုတ်ဘူး အရှင့်သား....အဟင့်ဟင့် မောင်လေးအခန်းထဲမှာ ဒါတွေတွေ့တယ်အရှင့်သား"

ကျန်းယမ်လီ သူ့လက်ထဲက အဝတ်စတစ်စုံကို ထုတ်ပြလိုက်တော့ ဝေ့ရင်း လန့်သွားရတော့သည်

ဟုတ်ပါသည်။ သွေးတွေရဲနေအောင် စွန်းနေတဲ့ဝတ်စုံကြောင့် ဝေ့ရင်းအရမ်းလန့်သွားရသည်

"ဒါ ဒါက.."

"အရှင့်သား အဟင့်ဟင့် မောင်လေးကို ကယ်ပါဦး"

"နေဦးနေဦး ကျွန်တော်စဉ်းစားဦးမယ်"

ဝေ့ရင်း အကြပ်ရိုက်နေသည် ။ သူ့ရဲ့လူယုံဖြစ်တဲ့ကျိုးချန်ကိုတောင် အန္တာရာယ်ပေးနေတာမို့ သူရမ်းသမ်းလုပ်လို့မရ ။ တစ်ခုခုသာမှားသွားရင် ကျိုးချန်အသ-က်ကိုစိုးရိမ်နေသော ဝေ့ရင်းလေးပင်

(ငါ ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ...??????ဟင်!...ဟုတ်တယ် အားလန်...ဟုတ်တယ်ဟုတ်တယ် အားလန်ရှိတယ် ဒီကိစ္စတွေ အားလန်ကိုပြောရမယ်)

"ကျဲကျဲ"

"အမိန့်ရှိပါအရှင့်သား"

"ဒီကိစ္စကို အားလန်ကိုပြောပြရမယ် အားလန်ဆို စွမ်းဆောင်နိုင်မှာေ-သချာတယ် ဒါကြောင့် အခုချက်ချင်း အားလန်ကိုသွားခေါ်ပါ ကျဲ"

"အမိန့်တော်အတိုင်းပါ အရှင့်သား"

ကျန်းယမ်လီ ဝေ့ရင်းစကားအဆုံး အိမ်ရှေ့စံအဆောင်မှ ချက်ချင်းပြေးထွက်ကာ စားတော်ဆောင်သို့ အပြေးသွားတော့သည်

..................................…………………………....................

အားလန် အလွန်ဒေါသထွက်နေသည် ။ လွန်ခဲ့တဲ့၂လလောက်က ဝေ့ရင်းကိုလုပ်ကြံတဲ့သူ တစ်နည်းအားဖြင့် သူ့ကိုဒဏ်ရာရာစေခဲ့တဲ့သူ အခု အဲ့ဒီလူအဖွဲ့က တောထဲမှာ သူတို့ရဲ့စကားပြောနေတာကို ချောင်းနားထောင်ခဲ့သည်တဲ့လေ

ထိုသူကတော့ အခြားသူမဟုတ် ။ သူ့ရဲ့ချစ်လှစွာသောရန်သူကြီး ဝမ်ဟုန်ပင် ။ သူသည်လည်း မင်းကြီးဝေ့ချန်နဲ့ ရန်ငြိုးရှိသည်ဟု ကြားဖူးသည် ။ ဘာကြောင့်လဲဆိုတာတော့ သူမသိ ။ သိလည်းမသိချင် ။ ဒါပေမယ့် အခုသတင်းအရ ဝမ်ဟုန်က မင်းကြီးဝေ့ချန်ရဲ့ထီးနန်းကိုယူပြီး အိမ်ရှေ့စံကို သ-တ်မည်ဟု ကြားထားသည်။

🌸The sound of crying in the painting[Complete](ပန်းချီကားထဲကငိုရှိုက်သံ)🌸Where stories live. Discover now