🌸Part-8🌸

1.1K 103 2
                                    

(Zawgyi)


စာကြည့်ဆောင်ထဲမှာ ကျောက်စိမ်းဆံထိုးအဖြူရောင်လေးကို ကိုင်ကာ လွန်ခဲ့သောနှစ်တွေဆီသို့ အတွေးလွှင့်မျောနေတဲ့ဝေ့တိုင်းပြည်ရဲ့ဘုရင် မင်းကြီးဝေ့ချန်

("ချန်လေး ဒီဆံထိုးလေးက ကိုယ်မင်းအတွက် သီးသန့်လုပ်ထားတဲ့ကျောက်စိမ်းဆံထိုးလေး ချန်လေးကြိုက်လားဟင်"

"ဟီးဟီး ကြိုက်တာပေါ့ ရန်ကောရဲ့ ရန်ကောပေးသမျှအရာဆို ဘယ်အရာမဆို ကျွန်တော်အကုန်ကြိုက်တယ်"

"ကြိုက်တယ်ဆိုရင် ဒီဆံထိုးလေးကို ကိုယ်နဲ့မကွာဆောင်ထားရမယ်နော် ကြားလား..."

"ဟုတ် ကျွန်တော်ဆောင်ထားပါ့မယ် ရန်ကော"

"ချစ်လိုက်တာ ချန်လေးရယ်"

"ကျွန်တော်လည်း ရန်ကောကိုချစ်တယ်")

အတွေးထဲမှာ ပျော်ရွှင်စရာတွေ တွေးနေသလောက် မျက်ဝန်းမှာတော့ မျက်ရည်များကျနေသည်

"ချီရန် မင်းငါ့ကို ရက်စက်လွန်းတယ် ငါ့အချစ်ကို လှည့်ဖြားတယ် မင်းအတော်ဆိုးတာပဲကွာ....အခု ငါ...ငါ့လက်ထဲမှာ မင်းရဲ့သားရောက်နေပြီ ဒါပေမယ့် ငါမသိချင်ဟန်ဆောင်နေတယ် ဘာလို့ဆို မင်းသွေးက ငါ့သွေးပဲမို့လို့လေ...."

အဖြူရောင်ဆံထိုးလေးကို ဝတ်ရုံထဲပြန်ထည့်ကာ မျက်ရည်များကိုသုတ်နေသည် ။ ထိုစဉ် အပြေးအလွှားပြေးဝင်လာတဲ့ ဆံသာသည်လေးကျိုးချန် ။ ထိုအခါ မင်းကြီးဝေ့ချန်က

"မောင်မင်း ဝင်လာတာ ဘုရင့်စာကြည့်ဆောင်နော်"

ထိုအခါ ကျိုးချန် အမောသောကော ဒူးထောက်၍

"မင်း မင်းကြီးဝေ့ချန် ဟင်း ဟင်း ဟို ဟို အိမ်ရှေ့စံအရှင့်သား မေ့ မေ့လဲသွားကြောင်းပါ"

"ဘာ!"

"ဒါကြောင့် အပြေးလာခဲ့ရခြင်းဖြစ်ပါတယ် မင်းကြီး"

"အဲ့ဒါအစောကြီးထဲက ပြောပါလား လာ! သွားမယ် သားတော်လေးဆီ"

"ဟုတ် ဟုတ်ကဲ့ပါ မင်းကြီး"

မင်းကြီးဝေ့ချန်နဲ့ဆံသာသည်လေးကျိုးချန်ကတော့ အိမ်ရှေ့စံအဆောင်ဆီသို့

🌸The sound of crying in the painting[Complete](ပန်းချီကားထဲကငိုရှိုက်သံ)🌸Where stories live. Discover now