🌸Part-7🌸

1.1K 109 7
                                    

(Zawgyi)


"ဘယ်လို"

"ဟုတ်ပါတယ် အရှင်မင်းကြီး မနေ့ညက အိမ်ရှေ့စံက စားတော်အကြီးအကဲဟန်အားလန်ရဲ့ အိပ်ဆောင်ထဲကို ဝင်သွားတာ ကျွန်တော်မျိုးတွေ့လိုက်ကြောင်းပါ"

"ဟင်း ကိစ္စတွေက ငါကိုယ်တော်ထင်တဲ့အတိုင်းပါပဲလား...စစ်သူကြီးကျင်း"

"အမိန့်ရှိပါအရှင်မင်းကြီး"

"သားတော်လေးကို သွားခေါ် ငါကိုယ်တော် ပြောစရာရှိတယ်လို့"

"အမိန့်တိုင်းပါအရှင်မင်းကြီး"

စစ်သူကြီးကျင်းထွက်သွားတော့ စာကြည့်ဆောင်ထဲမှာကျန်ခဲ့တဲ့မင်းကြီးဝေ့ချန်က

"ချီရန် မင်းကိုယ့်ကို သစ္စာဖောက်လို့ ကလဲ့စားပြန်ချေသလိုမျိုး မင်းရဲ့သားက ကိုယ့်သားကိုအပေါ် အဲ့လိုပြန်မလုပ်ပါစေနဲ့လို့ ကိုယ်ဆုတောင်းတယ်ချီရန်"

………………………..........................................................

အိမ်ရှေ့စံအဆောင်ထဲမှာတော့ ကျိုးချန် ၊ ယမ်လီနဲ့ ဝေ့ရင်းတို့ ခေါင်းသုံးခေါင်းဆိုင်ကာ

"တကယ်ပဲ အဲ့လိုဖြစ်ခဲ့ကြတာလား"

"ဟုတ်တယ် ကျဲရဲ့"

"အမလေး အမလေး ကုန်ပါပြီအရှင့်သားရယ် ဒါကြောင့် အရှင့်သားနှုတ်ခမ်းက ပေါက်နေတာကို"

"ကျဲကလည်း"

"အရှင့်သား"

"ဟင် ကျိုးချန်ပြောလေ"

"အရှင့်သား...တကယ်ပဲ စားတော်အကြီးအကဲကို မေတ္တာသ-က်ဝင်နေတာလား"

"မေတ္တာသ-က်ဝင်နေတာထက် တစ်သက်လုံးပေါင်းဖက်သွားချင်တာ"

"ဟင်း...အရှင့်သားရယ် ကျွန်တော်မျိုးကတော့ မဖြစ်စေချင်ဘူး"

ထိုအခါ ကျန်းယမ်လီက

"မောင်လေးက ဘာလို့မဖြစ်စေချင်တာလဲ"

"ဒီလိုလေကျဲရဲ့ စားတော်အကြီးအကဲဟန်အားလန်က လန်တိုင်းပြည်ရဲ့ပြည်သူလေ သူ့ကိုကျွန်တော်တို့တိုင်းပြည်က သိမ်းပိုက်ထားတာလေ ဒီတော့ လူဆိုတာ အငြိုးတွေ အာဃာတတွေဆိုတာ မရှိဘူးလို့လည်းမပြောနိုင်သလို ရှိကောင်းလည်း ရှိနေနိုင်တယ်လေ

🌸The sound of crying in the painting[Complete](ပန်းချီကားထဲကငိုရှိုက်သံ)🌸Where stories live. Discover now