🌸Part-12🌸

1.1K 114 5
                                    

(Zawgyi)


အိပ်ယာပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေသော အိမ်ရှေ့စံလေးဝေ့ရင်း ။

ဝေ့ရင်းကို အငြိုးကြီးကြီးကြည့်ကာ ပြုံးနေတဲ့ ဝမ်ဟုန်

(မင်းက ငါ့ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့လူသားတစ်ယောက်ပဲ ဟက် ဘာလို့ဆို မင်းရဲ့ခန္ဓာကိုယ်ကို ရစ်ပူဇော်ပြီးမှ ချုံနန်ကို အရယူနိုင်မှာလေ ဟားဟားဟားဟား)

စစ်သည်တစ်ယောက်အနားလာကာ

"သခင်လေး အားလုံးပြီးစီးသွားပါပြီ"

"ကောင်းတယ် ဒါဆို လရောင်ကျလာတဲ့အထိ စောင့်ရုံပဲပေါ့"

"ဟုတ်ပါတယ်သခင်လေး"

"ငါ့ကို သခင်လို့မခေါ်နဲ့တော့ အခုကစပြီး ငါက ချုံနန်အစွမ်းကိုရတော့မယ့် အရှင်သခင်ဖြစ်နေပြီ ဒါကြောင့် အခုကနေစပြီး ငါ့ကို အရှင်လို့ခေါ်"

"ဟုတ်ကဲ့ပါ အရှင်"

"ဟားဟားဟားဟား ဟားဟားဟားဟား"

ဝမ်ဟုန်ရဲ့ရယ်မောသံကြောင့် နိုးလာတဲ့ အိမ်ရှေ့စံဝေ့ရင်း ။ မျက်လုံးလေးပေကလပ် ပေကလပ်နှင့် ဘေးဘီကိုသေချာကြည့်နေသည်

(ဟင် ငါဘယ်ရောက်နေတာလဲ?.....ဟင်! ငါဘာလို့အချုပ်ခံထားရတာလဲ!?....)

"အိုး နိုးပြီလား အရှင့်သား"

ဝေ့ရင်း သူ့ဘေးမှ လူတစ်ယောက်ရဲ့အသံကြောင့် လှည့်ကြည့်တော့ ထိုသူကို သူမသိ ။ ဒါကြောင့် ဝေ့ရင်းက

"မင်းဘယ်သူလဲ ပြီးတော့ ငါကိုယ်တော်ကို ဘာကြောင့်ဖမ်းထားရတာလဲ အခုလွှတ်ပေးစမ်း!! အခုချက်ချင်းကိုယ်တော့်ကို ကြိုးတွေဖြည်ပေး!!"

"ဟဟဟဟ အိမ်ရှေ့စံအလှလေးက တော်တော်စွာတာပဲ ဒါနဲ့ မမှတ်မိဘူးပဲကိုး မနေ့ညနေက အချိန်လေးကို ပြန်စဉ်းစားကြည့်ပါဦး ဟင် ဟဟဟဟ"

ဝေ့ရင်း ထိုလူရဲ့စကားကြောင့် မနေ့ကအချိန်တွေကို ပြန်စဉ်းစားကြည့်မိသည်

Flash back 🔙🔙🔙...................

"ဒါ ဒါက.."

"အရှင့်သား အဟင့်ဟင့် မောင်လေးကို ကယ်ပါဦး"

🌸The sound of crying in the painting[Complete](ပန်းချီကားထဲကငိုရှိုက်သံ)🌸Where stories live. Discover now