🌸Part-6🌸

1.1K 107 4
                                    


"အခု အရှင့်သားကို တွေ့ပြီဆိုတော့ ကျွန်တော်တို့နဲ့တစ်ပါထဲ ခေါ်သွားမှာလေ"

"ဘယ်လို....တစ်ပါထဲခေါ်သွားမယ်?.........ဟင်! ဝေ့ရင်း မဖြစ်ဘူး"

ဆိုကာ အားလန် ဝေ့ရင်းဘက်သို့ လှည့်ကြည့်တော့ သူ့ကို ပြုံးပြနေတဲ့ဝေ့ရင်းလေး သူ့အနောက်ခပ်လှမ်းလှမ်းက ဝတ်ရုံအမဲနဲ့လူတစ်ယောက် လက်ထဲမှာလည်း ဓားမြောင်တစ်လတ်

(ဝေ့ရင်း)

ဝေ့ရင်း သူ့ဘက်ကိုလှည့်ကြည့်တဲ့အားလန်ကို ပြုံးပြလိုက်တော့ တစ်ခုခုကိုစိုးရိမ်နေသည့်ဟန်ဖြင့် သူ့ဆီကိုပြေးလာတဲ့အားလန် ။ ဝေ့ရင်းအနဲငယ်ကြောင်နေမိစဉ်မှာပဲ

~ရွှိ~

အားလန် ဝေ့ရင်းဆီသို့ အပြေးသွားကာ ဝတ်ရုံနဲ့နှင့်လူ၏ဓားအသွားကို ဝေ့ရင်းအစား ဝင်ခံလိုက်သည် ။ ဝေ့ရင်းကိုယ်လေးကို ဖက်ထား၍ပေါ့

ဝေ့ရင်း သူ့ကိုအပြေးလာပြီး ရင်ခွင်ထဲဆွဲသွင်းကာ ဖက်ထားလိုက်သောကြောင့် နှလုံးသားရင်ခုန်သံက အဆမတန်နေတော့သည်

"အ အား အားလန်...."

"ဝေ့ရင်း ကိုယ်တို့ပြန်ရအောင်"

"အမ် အော် အွန်း ပြန်မယ်လေ"

အားလန် ဝေ့ရင်းကိုဖက်ထားပြီး ပွဲဈေးကို ရှေ့ဆက်မသွားဘဲ ပြန်သွားတော့သည်

ထိုမြင်ကွင်းကို မြင်လိုက်တဲ့ ဆီးသီးတုတ်ထိုးသည်ကတော့

(ဟင် ဒါငါတို့လူမဟုတ်ဘူးဘဲ ဟာ အရှင့်သားကိုထိသွားပြီ)

ဆီးသီးတုတ်ထိုးသည်က ပွဲဈေးမှာရောင်းနေတဲ့ ပေါက်စီသည် ၊ ဝက်သားသည် ၊ ခေါက်ဆွဲသည်နှင့် ချိုချဉ်သည် အစရှိသဖြင့် ဈေးသည်အယောင်ဆောင်ထားကြတဲ့ စစ်သည်တွေကို လက်သီးဆုတ်ကာ အချက်ပြလိုက်တော့ အလျှိုလျှိုကိုယ်စီ အနားသို့ရောက်လာကြသည်

"အကိုကြီး စောစောကအကောင်ကို ကျွန်တော်တို့မသက်ာဘူး"

"အေး မင်းတို့ အဲ့အကောင်ကို မျက်ခြေမပျက်စေနဲ့ သေချာစောင့်ကြည့်ထား တစ်ခုခုထူးတာနဲ့ အပျက်သာရှင်း"

🌸The sound of crying in the painting[Complete](ပန်းချီကားထဲကငိုရှိုက်သံ)🌸Where stories live. Discover now