[6]

5K 808 9
                                    

[Unicode]

006:မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ခွဲခြမ်းပြီး အိမ်ခွဲနေချင်တယ်

လက်ထပ်ပြီးနောက် ချင်မျန်ကို လဲ့မိသားစု၏အိမ်ထောင်စုစာရင်းထဲ ရွှေ့ပြောင်းပေးခဲ့သည်။အခုအချိန်အထိ သူတို့လက်ထပ်ထားတာ ရက်ပိုင်းပဲရှိပါသေးသည်။

ချင်မျန်သည် သူ့နှလုံးသားအောက်ခြေထိ စိတ်ဓါတ်ကျသွားစေသည့် အခြားသတင်းတစ်ခုကိုပင် ကြားလိုက်ရသည်။အမျိုးသားနှစ်ဦးလက်ထပ်ထားသည့်သတင်းသည် တစ်ပြည်လုံးတွင် ပျံ့နှံ့သွားပြီး ဘယ်အ​​ခြေအ​နေထိပျံ့နှံ့သွားသည် ရှိမရှိတော့ မသိရပေ။ယောက်ျားနှင့်မိန်းမ လက်ထပ်ပေါင်းစည်းခြင်းကသာ မှန်ကန်သောနည်းလမ်းလေ။ဒါပေမဲ့ တောင်စိမ်းရွာတွင် အိမ်ထောင်သည်လင်မယားဖြစ်သွားသော အမျိုးသားနှစ်ဦးရှိနေ၏။ဒီလိုကိစ္စက တခြားသူများရဲ့ လှောင်ပြောင်တာကို ခံရမယ်မဟုတ်ဘူးလား?
ဆိုလိုသည်မှာ လဲ့ယ့်ထျဲနဲ့သူ ကွာရှင်းခဲ့ရင် သူ့နာမည်ပျက်သွားလိမ့်မည်။ဒီနားမှာ ဇနီးမယားတစ်​ယောက်ကိုရှာဖို့ မဖြစ်နိုင်တော့ဘူး။ဘယ်မိသားစုရဲ့မိဘတွေက ယောက်ျားနဲ့လက်ထပ်ဖူးတဲ့ သူကို ကိုယ့်သမီးနဲ့ လက်ထပ်စေချင်ကြမှာလဲ?

လဲ့ယ်ထျဲနှင့် သူ နှစ်ဦးသ​ဘောတူကွာရှင်းဖို့လိုနေပြီဖြစ်သည်။
နေ့ခင်းဘက်တွင် တုရှီက ချင်မျန်ကို ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အခက်တွေ့​အောင်လုပ်​ဖို့ ကြိုးစား​လေ့ရှိပြီး လဲ့ယ်ထျဲကတော့အလုပ်လုပ်ရသည်။ညနေမှသာ လဲ့ယ်ထျဲနှင့် စကားပြောခွင့်ရ​တော့သည်။ထိုညတွင် လဲ့ယ်ထျဲ ရေချိုးပြီးနောက် ချင်မိန်က မဝံ့မရဲ ပြောလိုက်သည်။ “တကယ်တော့ ခင်ဗျားနဲ့ကျွန်တော်က အတင်းအကြပ်လက်ထပ်ခိုင်းခံခဲ့ရတာမလား။ခင်ဗျားက  ဇနီးတစ်​​ယောက်နဲ့လက်ထပ်ချင်တာ..ကျွန်တော်ဆိုလိုချင်တာက  သာမာန်မိန်းမနဲ့ လက်ထပ်ချင်တာပဲ မဟုတ်လား?"

"မင်းက ကိုယ့်မိန်းမ။" လဲယ်ထျဲက သူ့ကိုကြည့်ကာ တစ်ဖက်လူက ဘာကြောင့် ဒီစကားတွေပြောသည်ကို နားမလည်ပုံရသည်။

အချိန်အတိုင်းအတာတစ်ခုအထိ ချင်မျန်သည် ဒေါသစိတ်ဖြင့် ပူလောင်နေခဲ့သည်။သူက မူမမှန်နေဘူးလို့ ဆိုလိုတာလား? အေးအေးဆေးဆေးနဲ့ စိတ်ရှည်သည်းခံဖို့ သူကြိုးစားခဲ့တယ် - "ကျွန်တော်ဆိုလိုတာက ကလေးရနိုင်တဲ့ မိန်းမနဲ့ လက်ထပ်ချင်ခဲ့တာ မဟုတ်လား?"

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Onde as histórias ganham vida. Descobre agora