[78]

4.6K 690 29
                                    

[Unicode]

078: ရိုမန်းတစ်စုံတွဲ၏ကမ္ဘာလေး

ချင်မျန်သည် တံခါးဆီသို့ လမ်း​လျှောက်သွားရာ လဲ့ယ်ထျဲနှင့်အတူ ခွေးက​လေးနှစ်​ကောင်ကိုပါ ဦးဆောင်လမ်းပြခေါ်သွားခဲ့သည်။ပိုင်တျန့်လေးက​တော့ သူတို့နောက်က​နေ တိတ်တဆိတ်လိုက်လာပြီး ဖျန့်​ဟွေးနှင့် ဟေးမာကျားတို့ကို အချိန်တိုင်းလိုလို ကြည့်နေသည်။ရန်လိုသည်လည်းမဟုတ် မည်သည့်အရာရယ်ကိုမှ မလုပ်ခဲ့ပေ။

ဦး​လေးဖူနဲ့ အ​ဒေါ်ဖူတို့က သူတို့ကိုတွေ့တော့ လင်မယားနှစ်ယောက်သား အပြေးအလွှား လာတွေ့၏။ချင်မျန်သည် သူ့ပခုံးပေါ်တွင် လေးကိုတင်ထားကာ သူနှင့် လိုက်ဖက်လှသည့် အဖြူရောင် အမဲလိုက်ဝတ်စုံနှင့် တိရစ္ဆာန်သား​ရေဖိနပ်တစ်ရံကို ဝတ်ဆင်ထားပြီး ရဲရင့်ကာ ရှိန်စရာကောင်းသည့်ပုံပေါက်နေသည်။လဲ့ယ်ထျဲက​တော့ အမဲလိုက်ဝတ်စုံကို ၀တ်ဆင်ထားသော်လည်း အလုံးစုံအနက်ရောင်ကိုသာဝတ်ထားသောကြောင့် သူ့ရဲ့ခမ်းနားထည်ဝါမှုမှာ ပို၍ပင် ခိုင်မာသွားစေသည်။သခင်နှစ်ယောက်၏ခန့်ညားပြီး ကြည့်​ကောင်းကြသည့် ပုံပန်းသဏ္ဌာန်တွေကြောင့် ဦးလေးဖူနှင့်အ​ဒေါ်ဖူတို့၏အကြည့်များ တခဏမျှပင် မလှုပ်နိုင်အောင် ဖြစ်သွားစေသော်လည်း လဲယ်ထျဲက သူတို့ကို တစ်ချက်ကြည့်လိုက်သောအခါတွင် မျက်လုံးများ အလျင်အမြန် အောက်စိုက်ကျသွားတော့သည်။

"ရှီလ​ရော ဘယ်မှာလဲ?" ချင်မျန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ဦးလေးဖူက “သခင်လေး....သူ မနက်စာစားပြီးတော့ နွားကျောင်းဖို့ထွက်သွားပါတယ်”

ချင်မျန် ခေါင်းညိတ်ပြီး "ဦးလေးဖူနဲ့အ​ဒေါ်ဖူ....ဒီခွေးနှစ်ကောင်က ဖျန့်​ဟွေးနဲ့ဟေးမာကျားပါ။ဦး​လေးတို့ သူတို့ကို ပြုစုပျိုးထောင်ပေးရမယ်။"

အ​ဒေါ်ဖူသည် ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ခွေးက​လေးနှစ်ကောင်ကို ကြည့်လိုက်သည်။သူမ သူ့လက်ထဲက ကြိုးကို ကိုင်လိုက်ပြီး "ဟုတ်ကဲ့..... သခင်လေး စိတ်ထားချနိုင်ပါတယ်"

လဲ့ယ်ထျဲက "တံခါးကိုစောင့်နေ....မမှောင်ခင် ပြန်လာမယ်"

ဦးလေးဖူနှင့်အ​ဒေါ်ဖူက သံတူ​ဖြေလိုက်ကြ၏။ “ဟုတ်ကဲ့!”

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now