[98]

2.4K 342 6
                                    

[Unicode]

098 - သစ်ပင်ပေါ်က အနမ်း


"မင်းသာ အဖေနဲ့အ​မေတို့ဆီက​​နေ ခွဲနေပြီးရင် လတိုင်း စရိတ် အများကြီး ပေးနိုင်မယ်လို့ ယုံကြည်ထားရင်လည်း..." ချင်မျန် အဲဒီ့အထိ ညွှန်ပြလိုက်သည်။

လဲ့ယ်ရှန်းရီနှင့် လဲ့ယ်ရှန်းလီတို့သည် ရုတ်တရက် နားလည်မှုဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ မိဘတွေက မိသားစုက​နေ မခွဲစေချင်တဲ့ အကြောင်းရင်းက မိသားစုတွေ ကွဲမသွားစေဖို့အချက်ရယ်၊ နောက်တချက်ကတော့ ပိုက်ဆံကြောင့်ပဲ။

ချင်မျန် သတိ​ပေးလိုက်သည်။"ဟုတ်တာ​ပေါ့​လေ။ အဆိုးဆုံးကတော့ အဖေနဲ့အမေက အိမ်ခွဲနေဖို့ ဆန္ဒမရှိဘူး။ ဒါဆိုရင် ငွေရေးကြေးရေးပိုင်းမှာ အမှီအခိုကင်းနိုင်ဖို့ အရင်ဦးဆုံး ရုန်းကန်ကြိုးစားရမယ်။ အခုကစပြီး မင်းရဲ့၀င်ငွေက မင်းပိုင်တယ်။ ဒါပေမယ့် လစဉ်လတိုင်း အဖေနဲ့အမေကို ပေးဖို့ တစ်ချို့ကို ယူထား။ တစ်နည်းပြောရရင် ငွေရှာတိုင်း အချိုးအစားအလိုက် ပေးရမယ်။ ဥပမာ အလုပ်တစ်ခုကနေ ဝမ် 100 ရရင် အဖေနဲ့အမေကို 10 ဝမ် ဒါမှမဟုတ် 8 ဝမ် ပေးလို့ရတယ်။”

လဲ့ယ်ရှန်းရီနှင့် လဲ့ယ်ရှန်းလီတို့ နှစ်ဦးစလုံးသည် အရည်အချင်းရှိပြီး လုံ့လရှိသူများဖြစ်သည်။ သူတို့ တစ်ယောက်တည်း အလုပ်လုပ်ရင်တောင် လစဉ် ၀င်ငွေက နည်းမှာမဟုတ်။ တတိယညီနဲ့ စတုတ္ထညီက တုရှီနဲ့ လဲ့ယ်တာချန်ကို လစဉ် ပိုက်ဆံပေးတဲ့အခါ ပျင်းရိတဲ့ ဒုတိယသားက အကြွေစေ့တောင် မပေးနိုင်ရင် တုရှီနဲ့ လဲ့ယ်တာချန်က သူ့ကို စိတ်မဆိုးဘဲ နေနိုင်ပါ့မလား? ဟားဟား......။

အဲဒီအချိန်မှာ တုရှီနှင့် လဲ့ယ်တာချန်တို့က အလွန်ရှက်သွားမှာပဲ။
ထိုမြင်ကွင်းကောင်းကို တွေးမိရင်း ချင်မျန် မရယ်ဘဲမ​နေနိုင်တော့ပေ။

"ချင်းဇီ.....နေမြင့်လာပြီ” လဲ့ယ်ထျဲက အချိန်မီပြောလိုက်သည်။

"အင်း....သွားရအောင်။" ချင်မျန် နှင်တံကို မြှောက်လိုက်ပြီး မြင်းကို ရှေ့သို့တွန်းလိုက်သည်။ သူအကုန်ပြောပြီးပြီမို့ ကျန်တာတွေက လဲ့ယ်ရှန်းရီနဲ့ လဲ့ယ်ရှန်းလီတို့ အပေါ်မှာ မူတည်သွားပြီ။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now