[15]

5.6K 827 6
                                    

[Unicode]

015:အ​ခြေချ နေထိုင်ခြင်း

ရွာအနောက်ဘက်တွင် အိမ်အိုကြီးတစ်အိမ်ရှိ၏။ရွာရှိအိမ်များသည် အခြေခံအားဖြင့် တစ်အိမ်နှင့်တစ်အိမ် နီးနီးကပ်ကပ်ရှိကြသော်လည်း ဤအိမ်ကား ဆယ်မီတာခန့်ခြားကာ တသီးတခြားဖြင့် လွတ်လွတ်လပ်လပ်တည်ရှိနေသည့် အိမ်တစ်လုံးသာ။အိမ်ရှေ့တွင် ရေကန်လည်းရှိနေ၏။ကျိုးမိသားစုသည် ဤကန်တွင် ငါးများမွေးမြူထားသောကြောင့် ယင်းကန်ဘေးတွင် အိမ်တစ်လုံးဆောက်ခဲ့သည်။ကန်ထဲရှိရေတွေက စိမ်းညိုရင့်ရင့်ဖြစ်နေပြီး ကမ်းပါးပေါ်တွင် သစ်ပင်များစွာ ပေါက်​ရောက်​နေသည်။

အိမ်ခေါင်မိုးမှာ အုတ်ကြွပ်ခင်းထားသည်ကို သတိပြုမိသွားတာ​ကြောင့် ချင်မျန်သည် ချက်ချင်းပင် ပီတိဖြစ်ကာ အရှိန်မြန်လာတော့သည်။

လဲ့ယ်ထျဲ၏မျက်လုံးများက သူ့နောက်ကို တချိန်လုံး လိုက်နေမိသည်။
'သူ့ကို စိတ်ကျေနပ်စေဖို့က အရမ်းလွယ်တာပဲလား!'

"မြန်မြန်!"

ချင်မျန်သည် အမြန်ပြေးကာ အိမ်ဝန်းထဲသို့ ဝင်ပြေးသွားခဲ့လေသည်။မြက်ခင်းထဲက ကြွက်တစ်ကောင်ကလည်း ထိတ်လန့်သွားပြီး အမြန်ပြန်ဆုတ်ကာ ပျောက်ကွယ်သွားလေသည်။

တံခါးခတ်ထားသည့် သော့သည် လေနှင့်မိုးဒဏ်ကြောင့် တော်​တော်များများ စုတ်နေကာ သံချေးတက်​နေ၏။ချင်မျန်ခင်ဗျာ သော့ကိုဖွင့်ဖို့ အချိန်အတော်ယူလိုက်ရသည်။တံခါးကို တွန်းဖွင့်လိုက်တော့ ဖုန်မှုန့်တွေက သူ့ကို အလုံးအရင်းနဲ့ တိုက်ခိုက်လာခဲ့တော့သည်။အကြိမ်အနည်းငယ်ခန့် နှာချေလိုက်ရပြီး အမြန်နောက်သို့ ဆုတ်သွားခဲ့ရသည်။

“အဟွတ်......”

နေရောင်ခြည်သည် တံခါးအတွင်းသို့ တိုးဝင်ကာ အလင်းရောင် ဖြန့်ကျက်လာ​စေခဲ့ပြီး လေထဲတွင် ထူထူထဲထဲ ဖုန်မှုန့်ထုကြီးကို မြင်နိုင်လေသည်။အတွင်းတွင် အ​ရောင်ကွာကျနေသော စားပွဲဟောင်းတစ်ခုနှင့် ဖုန်မှုန့်ထူထပ်နေသည့် နောက်ကျောမှီ ကုလားထိုင်သုံးခုံရှိနေသည်။ယှက်​ပြေး​နေသည့် ပင့်ကူအိမ်ထုကြီးသည်လည်း စားပွဲနှင့် ကုလားထိုင်များမှတစ်ဆင့် ခေါင်မိုးထုတ်တန်းထိ အလင်းတန်းသဖွယ် တလျှောက်လုံး ဆန့်ထွက်နေကာ လူနေရန် နေရာပင် မရှိပေ။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now