[101]

3K 365 11
                                    

[Unicode]

101 - တစ်စုံတစ်ယောက်က ပျားရည်မက်မွန်သီးတွေကိုဝယ်ချင်နေတယ်တဲ့

ကျန်းတ​ရွှေမိသားစု၊ ဝူတိမိသားစုနှင့် လီကျန်းမိသားစုတို့ကို ကူညီပေးချင်ပေမယ့်လည်း ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့အ​နေနဲ့ တိုက်ရိုက်အကူအညီမ​ပေးနိုင်​ပေ။ ကျေးလက်ဒေသတွင် နေထိုင်ရခြင်း၏အားသာချက်မှာ ရွာသားများ အချင်းချင်း ကူညီဖေးမနိုင်ပေမယ့် အားနည်းချက်ကတော့ တစ်ဖက်သူတွေရဲ့ စီးပွားရေးအခြေအနေတွေကို ကောင်းကောင်းသိကြလို့ပါပဲ။ ချမ်းသာသူနှင့် ဆင်းရဲသူကြား ကွာဟချက် ကြီးမားလာသည်နှင့်အမျှ ဆန့်ကျင်ကွဲလွဲမှုတွေ ပေါ်လာဖို့ လွယ်ကူသွားလိမ့်မည်။

ကျန်းမိသားစု၊ ဝူမိသားစုနှင့် လီမိသားစုကသာ ရုတ်တရက်ကြီး ချမ်းသာလာပြီး ချင်မျန်နှင့် ပတ်သက်ကြောင်း အခြားလူတွေ သိသွားပါက တစ်ရွာလုံး မငြိမ်မသက်ဖြစ်သွားကြမှာ အသေချာပဲ။'ဒုက္ခ'မဖြစ်ချင်တဲ့အတွက် ချင်မျန် နောက်ကွယ်မှာသာ နေရန် ဆုံးဖြတ်ခဲ့သည်။

ကျန်းတ​ရွှေသည် လက်မှုပညာကို မလုပ်နိုင်လောက်သော်လည်း သူက ငယ်ရွယ်သန်စွမ်းပြီး လိုက်​လျောညီ​ထွေ နေတတ်သည်။ ယခင်ကလည်း 'အရသာရှိတဲ့စား​သောက်ဆိုင်'တွင် ဝါးတံကျင်ပြုလုပ်ပေးခဲ့သည့်အတွက် အမြတ်အနည်းငယ်ရခဲ့ပြီး လယ်ယာလုပ်ငန်းရာသီမတိုင်မှီ မြည်းလှည်းဝယ်နိုင်ခဲ့သည်။ချင်မျန်က​တော့ သူ "လှည်းဝန်ဆောင်မှု" လုပ်နိုင်လောက်မည်ဟု တွေးမိသည်။

'ရှန်းရှန်းခန်းမ​ဆောင်'နှင့် 'အရသာရှိတဲ့စား​သောက်ဆိုင်'၏လုပ်ငန်းသည် ပိုမိုကောင်းမွန်လာသည်။ကျိုးယန်ခရိုင်က​နေ ရေ​ပြေးမြို့​တော်ဆီကို နေ့တိုင်း စားသောက်ဖို့ လူတော်တော်များများ လာကြသည်။ကျိုးယန်ခရိုင်ကိုဖြတ်သွားသော ကုန်သည်များပင် ရှန်းရှန်းခန်းမ​ဆောင်နှင့် အရသာရှိတဲ့စား​သောက်ဆိုင် သည် အလွန်နာမည်ကြီးကြောင်း သိသွားကြပြီး ဝင်စားသောက်ရန်ပင် လှည့်ပြီး လာ​​လေ့ရှိသည်။သူတို့ရဲ့ အစာစားချင်စိတ်ကို ကျေနပ်စေရုံသာမက အိမ်ပြန်ရောက်တဲ့အခါ ပြန်​ပြောနိုင်တဲ့ အပျင်း​ပြေစကားဝိုင်းတစ်ခုလည်း ရသွားကြသည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now