[52]

4.3K 733 12
                                    

[Unicode]

052: ခရိုင်(မြို့​တော်)မှဧည့်သည်

ချင်မျန် စိတ်ထဲမှာတော့ အ​တော်​လေး မြူးကြွ​နေ​ပေမယ့် အပြင်မှာ​တော့ တည်ငြိမ်သည့် အ​နေအထားကို ထိန်းထားရင်း,"ဒါက ငါတို့ နားလည်တာထက် နည်းနည်းတော့ ကျော်လွန်သွားပြီ။မည်သို့ပင်ဆိုစေ လဲ့ယ်မိသားစုမှာ အာဏာလည်းမရှိသလို သြဇာလည်းမရှိဘူး​၊ ဆန့်ကျင်ဖို့ ကြံစည်နေစရာလည်း မလိုဘူး​လေ။မိန်းက​လေး​ဝေက ချမ်းသာတဲ့မိသားစုက အရည်အချင်းရှိတဲ့ အိမ်အကူဖြစ်ခဲ့ဖူးပြီး သူမက တခြားသူတွေနဲ့ မတူဘူးလို့ ထင်မိတယ်"

"မှန်တယ်။" လဲ့ယ်ရှန်းလီနှင့် လဲ့ယ်ရှန်းကျစ်တို့သည်လည်း ဤကိစ္စထဲတွင် ရောထွေးမနေချင်တော့ပေ။

ယနေ့မွန်းလွဲပိုင်းမှာ​တော့ လဲ့ယ်ရှန်းလီနှင့် လဲ့ယ်ရှန်းကျစ်တို့သည် ချင်မျန် နှင့် လဲ့ယ်ထျဲတို့၏ဖိအားများကို များစွာသက်သာရာရစေသည့်အထိ ဆိုင်တွင် ကူညီပေးခဲ့ကြသည်။မာလာထျန်းစားဖို့အတွက်ပင် မြို့ကလူတော်တော်များများက သူတို့ရဲ့ကိုယ်ပိုင်ပန်းကန်တွေ ယူလာကြတာကို မြင်​တော့ ညီအစ်ကိုတွေ အံ့သြတကြီးဖြစ်သွားကြသည်။အမှန်မှာ ချင်မျန်နှင့် လဲ့ယ်ထျဲတို့အ​နေနဲ့ သူတို့၏ဆိုင်ကို ချဲ့ထွင်ရန် သို့မဟုတ် ပိုကြီးသည့်ဆိုင်သို့ ပြောင်းသင့်သည်ဟု ဝယ်ယူသူအများအပြားက အကြံပြုခဲ့ကြသည်။ သို့သော် ပထမချက်အ​နေနဲ့ သူတို့မှာ အခွင့်အရေးမရှိပေ။ဒုတိယအချက်မှာ ချင်မျန်သည် ယခုအချိန်တွင် အားအင်များစွာကုန်ခန်းနေပြီဖြစ်သည့်အပြင် မကြာမီ နှစ်သစ်ကူးကာလကို ရောက်ရှိလာတော့မည်ဖြစ်၏။နောင်ဖြစ်လာနိုင်မည့်ကိစ္စများကို ရပ်တန့်သင့် ရပ်တန့်ထားရမည်။

ညနေစောင်းရောက်တော့ လူလေးယောက်သား ဆိုင်ထဲမှာ ဟော့ပေါ့စားကြပြီးနောက် နွားလှည်းလေး,စီးရင်း အိမ်ပြန်ခဲ့ကြသည်။ယနေ့ ဆိုင်တွင် စားစရာတွေ မြန်မြန်ကုန်သွားတာ​ကြောင့် ရွာပြန်ရောက်တော့ နေဝင်သွားရုံသာ ရှိသေး၏။

ချင်မျန်က လဲ့ယ်ထျဲကို နွားလှည်းအား အိမ်ဟောင်းခြံတံခါးဝအထိ တလျှောက်လုံး မောင်းခိုင်းလိုက်သည်။တုရှီတစ်​ယောက် သူ့ကိုယ်သူ အရူးတစ်​ယောက်လိုလုပ်နေတာကို သူမြင်ချင်နေခဲ့တာကိုတော့ သူ မငြင်းပါဘူး။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now