[59+60]

5.5K 769 17
                                    

[Unicode]

[စာမစစ်ရ​သေး]

059: အတူတူ အမဲလိုက်သွားကြခြင်း။

ပြတင်းပေါက် အပြင်ဘက်တွင် လေပြင်းများတိုက်ခတ်နေပြီး ပြတင်းပေါက်မှာ အနည်းငယ် မြည်လာသည်အထိ လေပြင်း​နေခဲ့သည်။ချင်မျန်က​တော့ စောစောစီးစီးပင် နိုးလာခဲ့၏။သူ စောင်ထဲတွင် ကွေး​နေပြီး လက်တစ်​ချောင်းမျှပင် မလှုပ်ချင်ပေ။မလှုပ်မယှက်ဖြင့် လဲ့ယ်ထျဲတစ်​ယောက် အချိန်မှန်မှန်ထ၍ အုတ်ကုတင်စွန်းတွင် ထိုင်လျက် အတွင်းအဝတ်အစားတွေကိုဝတ်ကာ ချည်ကြိုးမပါသော အပေါ်အင်္ကျီထပ်ဝတ်ပြီး ခြေအိတ်အရင်မဝတ်ခင်ဘောင်းဘီဝတ်နေသည်ကို ကြည့်​နေခဲ့သည်။

"ပြေးဖို့ထ​တော့။" လဲယ်ထျဲက လှည့်ကြည့်လိုက်သည်။
“မလုပ်ချင်ဘူး။ဒီ​နေ့ ဘာလို့ မနက်စာအရင်မပြင်ရမှာလဲ?" ချင်မျန်က အကြံပြုသည်။

လဲ့ယ်ထျဲသည် ထိုလူကို ကောက်ထူလိုက်ပြီး စောင်အတွင်းထဲမှ  အ​တော်​လေးနွေး​ထွေးနေသည့် အဝတ်များကိုယူကာ ချင်မျန်ပေါ် ပစ်တင်လိုက်သည်။

ချင်မျန်တစ်​ယောက် သူ့အဝတ်အစားတွေကို စိတ်ပျက်လက်ပျက် ဝတ်နေရင်း အေးစက်စက်နဲ့ပြောလိုက်၏။ "ခင်ဗျား ကျွန်​တော် အအေးမိမှာကို မစိုးရိမ်ဘူးလား!"

လဲ့ယ်ထျဲက မထုံတတ်​ထေးဖြင့်။ “အအေးမိလွယ်တာမျိုး​တွေ မဖြစ်စေချင်ရင် လေ့ကျင့်မှုမှာ ပိုအားစိုက်ပေးရမယ်။"

ချင်မျန်သည် လျင်မြန်စွာ ၀တ်ဆင်ပြီး ဆံပင်ကို ဖြီးပြီးနောက် မြှားကဲ့သို့ ပြေးထွက်သွားလေသည်။
ခင်ဗျားက ကျွန်​တော်မပြေးနိုင်ဘူးလို့ ထင်​နေတာလား?ခင်ဗျားကို ကျွန်တော်ပြေးနိုင်ကြောင်း ပြမယ်!

လဲ့ယ်ထျဲ ခြံတံခါးကို သော့ခတ်ပြီးနောက် လှည့်ကြည့်လိုက်​တော့ ချင်မျန်ကိုပင် မမြင်ရ​တော့​ချေ။မဆိုင်းမတွပင် ညာဘက်သို့ ပြေးလိုက်သွားခဲ့သည်။မကြာခင်မှာပဲ ချင်မျန်ရဲ့နောက်ကျောကို မြင်လိုက်ရပြီး သူ့ကို မှီသွား​လေသည်။

ချင်မျန်သည် သူ့နောက်မှ ခြေသံများကို ကြားလိုက်သောအခါ အရှိန်မြင့်လိုက်၏။
လဲ့ယ်ထျဲလည်း အရှိန်ထပ်မြင့်သည်။ချင်မျန် သူ့အား တစ်ကျန်းအကွာအ​ဝေး​လောက်တွင် ချန်ခဲ့လိုက်သည်။
ချင်မျန် သူ့နှုတ်ခမ်းတွေကို ကွေးလိုက်ပြီး ပုံမှန်အရှိန်နဲ့ ရှေ့ကိုသာ ဆက်​ပြေး​နေခဲ့ပြီး သူနဲ့ မပြိုင်တော့​ပေ။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now