[97]

2.3K 336 4
                                    

[Unicode]

097 – အကြီးဆုံးမရီးဖြစ်ရတာ တအားခက်တာပဲ ဟင်း......

လဲ့ယ်ရှန်းရီနှင့် လဲ့ယ်ရှန်းလီတို့သည် ပခုံးပေါ်တွင် ပေါက်ပြားများ ထမ်းလျက် လယ်ကွင်းထဲမှ ထွက်လာကြပြီး အင်္ကျီလက်များကို လက်မောင်း​ပေါ် လိပ်တင်ထားကာ နီမြန်းနေသော မျက်နှာထက်တွင် ချွေးများထွက်နေသည်။

"တာ့ကော.....မရီး...."

ချင်မျန် ခေါင်းညိတ်ပြပြီး "မင်းတို့ လယ်ထဲကို သွားကြတာလား?"

"ဟုတ်ကဲ့။ ပေါင်းပင်တွေကို ရှင်းဖို့ ဟင်းသီးဟင်းရွက်ခင်းထဲကို သွားကြတာပါ။ ကျွန်တော်တို့မိသားစုက မြေသုံးမူကို ဟင်းသီးဟင်းရွက်တွေစိုက်ထားတယ်။ ကောက်ပဲသီးနှံတွေလည်း ကောင်းကောင်း ကြီးထွားလာကြပြီ" လဲ့ယ်ရှန်းရီ၏မျက်နှာသည် ရွှင်လန်းမှုအပြည့်နှင့်။

လဲ့ယ်ရှန်းလီက​တော့ အလွန်ငြိမ်သက်နေ၏။
မိသားစုက​နေ ခွဲထွက်မ​နေဘူးဆိုရင် ရတဲ့ငွေက မင်းကိုယ်ပိုင်မဟုတ်ဘူးလေ။

ချင်မျန် သူ့မေးစေ့ကို ထိလိုက်သည်။ လဲ့ယ်ရှန်းရန် လယ်ကွင်းသို့သွားသည်မှာ ရှားရှားပါးပါးရှိလှသဖြင့် လဲ့ယ်ရှန်းရီကို သူ စာနာမိသည်။ သို့ရာတွင် ၎င်းသည် လဲ့ယ်အိမ်ဟောင်း၏ကိစ္စပင်။ သူနှင့် လဲ့ယ်ထျဲတို့ အိမ်ခွဲလိုက်ကတည်းက ကြားဝင်စွက်ဖက်ပိုင်ခွင့် မရှိတော့ပေ။
"အချိန်ရရင် အသီးအရွက်ကောင်းတွေ ရွေးပြီး ဝိုင်အိမ်ကို ပို့ပေးနိုင်တယ်။ အားထျဲနဲ့ငါက စီမံခန့်ခွဲရေးမှူးကို ကြိုပြီး အကြောင်းကြားပေးထားမယ်”

"ဟုတ်ကဲ့” လဲ့ယ်ရှန်းရီက ပြန်ဖြေသည်။ သူတို့ရဲ့ဆက်ဆံရေးကို ထိခိုက်သွားစေနိုင်တဲ့ 'ကျေးဇူးတင်ပါတယ်' ဟူသော စကားကို အလွန်အကျွံပြောမယ့်အစား နှလုံးသားထဲမှာ မှတ်ထားလိုက်တာက ပိုကောင်းတယ် မဟုတ်လား။

ချင်မျန်နှင့် လဲ့ယ်ထျဲတို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကြပြီးသည့်အချိန်တွင် လဲ့ယ်ရှန်းရီသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လျင်မြန်စွာ လှမ်းခေါ်လိုက်သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now