[72+73]

4.6K 702 22
                                    

[Unicode]

072+073: ရေကန်တူးခြင်း (1+2)

အိမ်ပြန်ရောက်တော့ လဲ့ယ်ထျဲက ရေတွင်းဘက်ကိုသွားပြီး ရေတွင်းထဲက ရေတွေကို သူ့မျက်နှာပေါ် တိုက်ရိုက်လောင်းချလိုက်သည်။

ချင်မျန် မျက်မှောင်ကြုတ်ကာ "အခု ရေတွင်းထဲက ရေတွေက အရမ်းအေးနေသေးတယ်။သတိထား ဒါမှမဟုတ်ရင် ခင်ဗျား အအေးမိလိမ့်မယ်"

"မမိနိုင်ဘူး....ကိုယ့်ခန္ဓာကိုယ်က သန်မာတယ်" လဲ့ယ်ထျဲသည် အဝတ်လှမ်းတိုင်ပေါ်မှ မျက်နှာသုတ်ပုဝါကို ဆွဲယူလိုက်သည်။

သန်မာတဲ့ ခန္ဓာကိုယ်လား?

ချင်မျန်၏အကြည့်တွေသည် သူ့ရဲ့ကျယ်ပြန့်တဲ့ပခုံးမှ ထူထူထဲထဲရင်ဘတ်ဆီသို့ ထို့​နောက် ကျဉ်းမြောင်းသည့်ခါးမှတစ်ဆင့် သူ့တင်ပါးဆီသို့...ထို့နောက် သူ့ရဲ့ရှည်လျားသည့်ခြေထောက်များဆီသို့ ဆက်ရွေ့လျားသွားသည်။သူ ချောင်းဆိုးပြီး အဝေးကို လှမ်းကြည့်လိုက်ရ၏။

"ဒါနဲ့ ပိုင်တျန့်လေးကို တွေ့မိလား?"

လဲ့ယ်ထျဲက “တောင်ပေါ်ကို သွားတာ ဖြစ်နိုင်တယ်”
ပိုင်တျန့်လေးသည် လူသားနှစ်ဦးနှင့်အတူ နေထိုင်ခဲ့ရုံမျှဖြင့် သူ့ရဲ့တောရိုင်းသဘာဝကို မဆုံးရှုံးခဲ့ပေ။ရံဖန်ရံခါ တောင်ပေါ်ကို တစ်ကောင်တည်း သွားလေ့ရှိသည်။တခါတရံ နှစ်ရက်မှ သုံးရက်အထိကြာပြီး တခါတရံဆိုလျှင်လည်း သေးငယ်သော သားကောင်ကို ပြန်ယူလာတတ်သေးသည်။ပထမတော့ ချင်မျန်က ညဘက် အိမ်မပြန်လာမှာကို စိုးရိမ်၏။နောက်တော့ ညစ်ပတ်ပြီး ပင်ပန်းလာရုံကလွဲရင် တခါမှ မနာကျင်မထိခိုက်ဖူးတာမို့ သူ့ဟာနဲ့သူသာ လွှတ်ထားလိုက်တော့သည်။

ချင်မျန်သည် အိမ်ရှိဆီမီးခွက်တွေကို ထွန်းညှိလိုက်ပြီးနောက် ပန်းကန်လုံးတစ်လုံးယူရန် မီးဖိုချောင်ထဲကို ဝင်သွားပြီး ထိုပန်းကန်လုံးထဲကို ဝိညာဉ်စမ်းရေ ဖြည့်ထည့်လိုက်၏။သူ လဲ့ယ်ထျဲဆီ သယ်သွားကာ "ခင်ဗျား ရေနှစ်ပုံးကိုယူပြီး ဒီရေပန်းကန်လုံးနဲ့ရောလိုက်။ပြီးရင် တစ်ပင်ချင်းစီ လိုက်လောင်းပေး။"

လဲ့ယ်ထျဲက စကားတစ်ခွန်းမှ ပြန်မမေးဘဲ ခေါင်းညိတ်ပြကာ ပန်းကန်လုံးနှင့်အတူ ထွက်လာခဲ့သည်။ချင်မျန် မီးဖိုချောင်ပြတင်းပေါက်က​နေ လဲ့ယ်ထျဲတစ်​ယောက် ရေတွင်းမှရေကို ငုံ့သယ်နေသည်ကို မြင်နေရသည်။သူ၏လက်များနှင့် ပခုံးများသည် ခွန်းအားများဖြင့် ပြည့်ဝနေပြီး သူ့နောက်ကျော၊ ခါးနှင့် တင်ပါးတစ်​လျှောက်တို့မှာ ကြည့်လို့ကောင်းသည့် ကောက်ကြောင်းမျိုး ရှိ​နေသည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now