[24]

5.4K 800 4
                                    

[Unicode]

024:သစ်ခုတ်ရန် တောင်​ပေါ်သို့တက်ခြင်း

“အောက်အီးအီးအွတ်..........”

မနက်အစောကြီးပင် ရွာထဲရှိ ကြက်ဖတွေသည် တစ်ကောင်ပြီးတစ်​ကောင် မြန်တွန်နေကြ၏။ချင်မျန်က သမ်းဝေရင်း မှုန်ဝါးဝါးမျက်လုံးတွေကို ဖွင့်လိုက်သည်။သူ့မျက်လုံးဖွင့်ဖွင့်ချင်းပင် သူ့မျက်ဝန်းထဲမှာ ယောက်ျားတစ်ယောက်ရဲ့ခါးကို ပွေ့ဖက်ထားသည်ကို မြင်လိုက်ရာ တုန်လှုပ်ချောက်ချားသွားပြီး ဝေခွဲမရဖြစ်မှုတွေက မျက်ဝန်းထဲတွင် အရိပ်ထင်ကျန်ခဲ့သည်။ရုတ်​တရက်​ ​ခေါင်းကို ​မော့ကြည့်လိုက်​တော့ တောက်​ပ​ကြည်လင်ပြီးတည်ငြိမ်တဲ့ မျက်ဝန်းတစ်စုံနှင့် ရင်ဆိုင်လိုက်​ရသည်​။

"ကျွန်တော်ကိုယ်တိုင် ခင်ဗျားဆီတိုးလာခဲ့တာလား?" ချင်မျန်က မေးလိုက်၏။

လဲ့ယ်ထျဲက ခေါင်းညိတ်လိုက်သည်။ပထမအကြိမ် ကြက်ဖတွန်ကတည်းက ထဖို့လုပ်သော်လည်း တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားခံရခြင်းသာ။

"တကယ်လား?"

လဲ့ယ်ထျဲက ခေါင်းညိတ်ပြပြန်သည်။

"ဒါဆို စိတ်မရှိဘူးမလား?" ချင်မျန်က သူ့မျက်လုံးတွေကို မှေးကျဥ်းထားလိုက်သည်။
လဲ့ယ်ထျဲက ခေါင်းကိုအနည်းငယ်ခါယမ်းရင်း ငြိမ်သက်သွား၏။

ချင်မျန်သည် သူ့လက်တွေကို တည်ငြိမ်စွာ ဖယ်ပေးလိုက်ပြီး ထထိုင်လိုက်သည်။ “ဒါဆို တော်​သေးတာ​ပေါ့”

သူ့မှာ ငယ်ငယ်လေးကတည်းက မိဘေတွမရှိတာကြောင့် မလုံခြုံသလိုခံစားရပြီး အိပ်ပျော်သွားတဲ့အချိန်တိုင်း ကွေးလျက် တစ်စုံတစ်ရာကို ဖယ်တွယ်ထားရတာကို သ​ဘောကျခဲ့သည်။သူစိမ်းယောက်နဲ့ အိပ်တာက ဒီပြဿနာက​နေ လွတ်မြောက်မယ်လို့ သူထင်ခဲ့ပေမယ့်လည်း အကျင့်နဲ့ပင်ကိုယ်ဗီဇက လွှမ်းမိုးထားဆဲပင်။

သေတ္တာကိုဖွင့်ကာ ခြေအိတ်ယူလိုက်ပြီး လဲ့ယ်ထျဲဆီသို့ အကြီးတစ်ရံပစ်ချပေးရင်း သူ ခြေအိတ်အသစ်နှင့် ဖိနပ်အသစ်ကို ဝတ်လိုက်သည်။မျက်နှာကို သစ်ပြီးသွား​တော့မှ အပြည့်အဝခေါင်းကြည်သွားရ​တော့ှ။လဲ့ယ်ထျဲက ခြေအိတ်တွေကို ယူဝတ်လိုက်သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now