[96]

3K 444 8
                                    

[Unicode]

096 – အိမ်ကြီးတံခါးပေါက်ငယ်


"ဒီအ​စေခံတို့ သွားလိုက်ပါဦးမယ်​။" လူသစ်ကိုးဦးသည် အတူတကွ အရိုအ​သေ​ပေးပြီးနောက် လဲယ့်ချင်လီ(ရှီလ)နှင့်အတူ ထွက်သွားကြသည်။

လဲယ့်ထျဲက ချင်မျန်ကို ပြောလိုက်သည်။"ဒီနေ့ မင်းနဲ့အတူ လိုက်ခဲ့မယ်"

ချင်မျန် ပြုံးပြီး "ကောင်းပြီ။ ကျွန်တော်လည်း ခင်ဗျားကို ခေါ်သွားမလို့ပဲ"

အဒေါ်ဖူနှင့် ဦးလေးဖူတို့သည် ခေါင်းငုံ့လျက် အောက်ကိုငုံ့ကြည့်နေကြသည်။

"မြင်းလှည်းမောင်းသမားနှစ်ယောက် သွားပြီလား?" ချင်မျန် ဦး​လေးဖူကို မေးလိုက်သည်။

ဦးလေးဖူက "ဟုတ်ကဲ့။ ဒီမနက်စောစောပဲ ထွက်သွားကြတာပါ။ သခင်လေးတို့ကို ကျေးဇူးတင်ကြောင်း ပြောခိုင်းလိုက်ပါတယ်။”

လဲ့ယ်ထျဲက ချင်မျန်ရဲ့ မသိစိတ်က​နေ သူ့ခါးကို ထောက်လိုက်သည့် လုပ်ရပ်ကို မြင်လိုက်ရသည်။

"ဦးလေးဖူ...မြို့ထဲက အိမ်ဆောက်ပစ္စည်းဆိုင်ကို သွားပြီးတော့ အုတ်ကြွပ်တွေ ပို့ပေးခိုင်းလိုက်ပါ။”

ဦးလေးဖူ မေးလိုက်သည်။ "ဟုတ်ကဲ့။သခင်ကြီး....ဘယ်လောက်လိုအပ်တယ်ဆိုတာ သိလို့ရမလား?”

လဲ့ယ်ထျဲ ပြောလိုက်သည်။ "အခုနေထိုင်တဲ့ အိမ်အလိုက်ပဲ"

"......"

"ကျွန်​တော့်မှာ ခန့်မှန်းချက်ရှိတယ်။ချက်​ချင်းသွားလိုက်​ပါမယ်။" ဦးလေးဖူက အမြန်ထွက်သွား၏။

"တစ်ခုတော့ သတိ​ပေးလိုက်ပါ" ချင်မျန်က အ​ဒေါ်ဖူကို ပြောလိုက်သည်။ "အ​ဒေါ်ဖူ...လူသစ်တွေက အ​ဒေါ်ဖူတို့သုံးယောက်နဲ့ အတူတူပဲ ဖြစ်ရမယ်။သူတို့အားလုံးကိုပြောပြစရာရှိ ပြောပြထားပါ။ ဒါ့အပြင် သူတို့နေ့စဉ်သုံးပစ္စည်းတွေ လိုအပ်ရင် ဦး​လေးဖူထံ သတင်းပို့ပြီးမှ သူတို့ကို အတူတကွသွားဝယ်စေပါ။"

"ဟုတ်ကဲ့။”

"ဒါပါပဲ။ ထွက်သွားနိုင်ပြီ။"

အ​ဒေါ်ဖူ ထွက်သွားပြီးနောက် ချင်မျန်သည် အနည်းငယ် အဆင်မပြေသည့် အနေအထားဖြင့် မတ်တပ်ရပ်လိုက်ပြီး "အားထျဲ...ကျွန်တော် ရေစိမ်ချင်တယ်"

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now