Arc 1.3 ( The Black Sheep )

999 137 4
                                    

Unicode

ထယ်ယောင်း သတင်းရောင်းစားရန်ဆုံးဖြတ်လိုက်သည်။ သူသည် ဒီကမ္ဘာရဲ့ ဇာတ်ကြောင်းတစ်ခုလုံးကို သိနေတဲ့အတွက်၊ သတင်းရောင်းစားခြင်းက သူ့အတွက် အသင့်တော်ဆုံးသော အလုပ်တစ်ခုပင်ဖြစ်သည်။

အဲလက်စ်ဦးဆောင်သည့် ကုန်သည်အဖွဲ့အစည်းမှာ စင်စစ်လျှို့ဝှက်အဖွဲ့အစည်း၏ ကာဗာယူထားသည့်စီးပွါးရေးတစ်ခုသာဖြစ်သည်။ ထိုအဖွဲ့အစည်း၏ အဓိကလုပ်ငန်းမှာ သတင်းရောင်းဝယ်ရေးနဲ့ အခြားသောမှောင်ခိုလုပ်ငန်းများဖြစ်သည်။ ထို့အပြင် ထိုအဖွဲ့အစည်းသည် အစောပိုင်းကာလတွေကတည်းက Vampire များကို တိတ်တဆိတ်ပုန်ကန်နေခြင်းဖြစ်သည်။

ဘာလို့ သူတို့ဆီကို ဧကရာဇ်ရဲ့သတင်းကို သွားရောင်းပြီးတော့ ဧကရီရဲ့ ကျောထောက်နောက်ခံဖြစ်လာမယ့်လူကို သူ့ဘက်ပါအောင်မလုပ်ရမှာလဲ....

ထယ်ယောင်း သတင်းရောင်းဖို့ရာ ဂူဝံပုလွေအဖွဲ့၏ လျှို့ဝှက်ဌာနဆီ ခြေဦးလှည့်လိုက်သည်။ သူအစောပိုင်းက မျက်နှာဖုံးဝယ်ခဲ့တာ ဒီအတွက်ပင်။ သူထိုနေရာသို့ရောက်သွားတဲ့အခါ ၄င်းသည်လက်ဖတ်ခြောက်ဆိုင်လေးတစ်ဆိုင်သာဖြစ်သည်။ ဆိုင်ကြီးတစ်ဆိုင်မဟုတ်သော်လည်း သေးသည်ဟုမဆိုရနိုင်။ ဆိုင်တွင်း လူလေးငါးယောက်မှလွဲ၍ တတိတ်ဆိတ်နေသည်။ အကယ်၍ သင်သာ အေးအေးဆေးဆေး Green Teaလေးသောက်ရင်း အနားယူချင်တယ်ဆိုရင် ထယ်ယောင်း ဒီဆိုင်ကို Highly Recommend ပေးရလိမ့်မည်။

ထယ်ယောင်းဆိုင်ထဲဝင်သွားတဲ့အခါ လက်ဖတ်နံ့သင်းသင်းက ကြိုဆိုနေသည်။ ဆိုင်ထဲတွင် စားပွဲဝိုင်းငယ်လေးတွေရှိသည့်အပြင် အမျိုးအစားစုံလင်လှတဲ့ လက်ဖတ်ခြောက်တွေလည်းကို ခင်းကျင်းရောင်းချထားသည်။

မျက်နှာဖုံးတပ်ထားတဲ့ ထယ်ယောင်းပုံစံမှာ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်သော်လည်း မည်သူမှသူ့အားကြည့်မနေကြ။ အလုပ်ကိုယ်စီလုပ်နေကြသည်။

ထယ်ယောင်း ကောင်တာဆီသို့ တန်းမတ်နေအောင်လျှောက်သွားသည်။

" ကြွပါခဗျ ဘာများအလိုရှိလို့လည်း " ကောင်တာမှာ ထိုင်နေတဲ့ လူဝကြီးကြီးသည် နွေးထွေးတဲ့အပြုံးတို့နှင့်ကြိုဆိုလာသည်။

 Task-Taker Where stories live. Discover now