Arc3.8 (How Villians Are Made)

247 49 4
                                    

Unicode

" ကျွန်တော် ဆရာမရဲ့အိမ်မှာ ရက်ပိုင်းလိုက်နေလို့ရမလား "

ထယ်ယောင်း၏စကားကြောင့် စာစစ်နေသည့် မဒမ်နန်စီ လက်တို့ရပ်တန့်သွားကာ ထယ်ယောင်းကို ပြန်မော့ကြည့်လာသည်။

" ဘာပြဿနာရှာလာပြန်ပြီလဲ "

" ဆရာမကလည်း ကိုယ့်ရဲ့ချစ်တပည့်လေးကို အဲ့လိုမပြောပါနဲ့၊ ပြဿနာကြီးကြီးမားမားမဟုတ်ပါဘူး...တစ်အိမ်လုံးနဲ့ တစ်ယောက်ရန်ဖြစ်ထားရုံပဲ ဟဲဟဲ "

ထယ်ယောင်းသည် ခေါင်းလေးကုတ်ကာ သွားလေးဖြဲပြလိုက်သည့်အခါ မဒမ်နန်စီဆီမှ အကြည့်စူးစူးတို့သည် သူ့ထံသို့ဒိုင်းခနဲကျလာသည်။ ထို့နောက် မဒမ်နန်စီသည် သော့တွဲတစ်ခုကို ပစ်ပေးလိုက်ရင်း

" အမှတ် 28၊ ပျိုနီလမ်း၊ အိမ်နံပါတ် 4241...ငါဒီတစ်လော အလုပ်ရှုပ်နေတာမလို့ အိမ်ကိုမပြန်ဖြစ်ဘူး၊ မင်းနေချင်နေလို့ရတယ်။ ရေခဲသေတ္တာထဲမှာ တစ်ပတ်စာအပြည့်ဖြည့်ပြီးသားပဲ...ဟုတ်သား အလကားတော့မဟုတ်ဘူးနော် ငါအကြွေးမှတ်ထားတယ်၊ Adminနဲ့ အဆတ်အသွယ်ပြန်ရရင် အမှတ်နှုတ်ခိုင်းမှာ "

ထယ်ယောင်းသည် သော့ကိုလှမ်းဖမ်းလိုက်ပြီး မျက်လုံးတစ်ဖတ်မှိတ်ပြလိုက်သည်။

" အိုကေတယ်၊ ဒါနဲ့ ကူညီလက်စနဲ့ အိမ်ကိုဖုန်းဆက်အကြောင်းကြားပေးပါလား "

မဒမ်နန်စီသည် မျက်ဖြူလှန်လိုက်ပြီးနောက် ဂျိမ်းစ်မိသားစုထံ ချက်ချင်းဖုန်းကောက်ခေါ်လိုက်သည်။ အတန်းတင်စာမေးပွဲနီးပြီဖြစ်သောကြောင့် ကျောင်းမှာပဲ ညအိပ်ပြီးစာလေ့လာမည့် ကလေးတွေရှိသလို၊ မာတင်ကိုလည်း သူသည်အနီးကပ်စာပြချင်တာကြောင့် အိမ်ခေါ်ထားမည်ဖြစ်ကြောင်း ပြောပြလိုက်လေသည်။ ဆရာမကိုယ်တိုင်ဖုန်းဆက်သောကြောင့် ဂျိမ်းစ်မိသားစုသည် ဘာမှမကန့်ကွက်ချေ။

ဖုန်းပြောသွားပြီးသည့်အခါ ထယ်ယောင်းသည် မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် မဒမ်နန်စီကို စိုက်ကြည့်နေသေးသည်။ ထို့နောက် ကြောက်ပေါက်လေး တအီအီချွဲနေသလိုမျိုး အသံဖြင့်...

" ကူညီလက်စနဲ့လေ..."

" ကင်မ်ထယ်ယောင်း! "

မဒမ်နန်စီသည် နားစည်ကွဲထွက်အောင် အော်လာသောကြောင့် ထယ်ယောင်းသည် ရုံးခန်းထဲမှ လှစ်ခနဲပြေးထွက်သွားတော့သည်။ သူသည်မေးခွန်းတောင်းဖို့ ကြံရွယ်ထားသော်လည်း မဒမ်နန်စီ၏ စိတ်မရှည်မှုကြောင့် သူမတောင်းရဲတော့ပေ။ အခုပထမနှစ်ကို အောင်ရုံလေးပဲ တော်ပါပြီ။

 Task-Taker Where stories live. Discover now