Arc 1.6 ( The Black Sheep )

911 125 11
                                    

Unicode

" ထယ်ယောင်းဆန္ဒက ကိုယ်တော့်ဆန္ဒပဲ "

အခန်းထဲ အသက်ရှုသံတောင်မကြားရတော့တဲ့အထိ တိတ်ဆိတ်သွားသည်။

" အိုကေ ဒါဆိုရှင်းသွားပြီ၊ ငါ့ရဲ့အကောင်းအဆိုးအကျိုးအကြောင်းမှန်သမျှ ကင်မ်အိမ်တော်နဲ့ဘမသတ်ဆိုင်တော့ဘူးနော်။ မဟုတ်ရင်တော့ ဒီဖိုးဖိုးက သွားကျွတ်တဲ့အထိရိုက်ပစ်မှာ " ထယ်ယောင်း ထိုသို့ပြော၍ စာကြည့်ခန်းထဲက ထွက်သွားသည်။ သူ့ခြေလှမ်းတွေက ပေါ့ပါးကာ မြောက်ကြွနေသည်။ ကင်မ်အိမ်တော်နဲ့ အရှုပ်အချင်းကို ဖြေရှင်းပြီးပြီ။ အခု သူ့ကိုယ်သူမြှင့်တင်ဖို့ပဲ ကျန်တော့တယ်။ သူအင်အားကြီးတဲ့အခါ ကင်မ်မိသားစုဝင်တစ်ယောက်ချင်းစီကို ဖြတ်ရိုက်ပစ်မယ်။ ဒါဆို သူ့တာဝန်ပြီးပြီ။

ထယ်ယောင်း ဂျောင်ကုရဲ့လက်ကိုဆွဲကာ ကင်မ်အိမ်တော်ထဲမှ ပျော်ရွှင်စွာထွက်ခွါလာသည်။ သူအိမ်တော်ဂိတ်ဝတွင် အဲလက်စ်အား ထပ်မံတွေ့ဆုံခဲ့သည်။

" အခုတစ်လော ကင်မ်အိမ်တော်က ကုန်သည်အဝင်အထွက်သိပ်များလာတာပဲ " ထယ်ယောင်း အဲလက်စ်အား ရွဲ့ကာရေရွတ်လိုက်သည်။ အမှန်တကယ်လည်း အဲလက်စ်သည် ကင်မ်အိမ်တော်အား အဝင်အထွက်စိတ်နေခဲ့သည်မဟုတ်လား။

" ဟမ့်! " အဲလက်စ်မကျေနပ်သံ တစ်ချက်ပြုကာ အိမ်တော်ထဲဝင်သွားသည်။ သူအနေနဲ့ ထယ်ယောင်းကင်မ်နဲ့ ပတ်သတ်လို့ မရေရာတဲ့အချက်အလတ်တွေများစွာရှိသည်။ ဥပမာ- ဂူဝံပုလွေအဖွဲ့ရဲ့ လျှို့ဝှက်ဌာန၊ စကားဝှက်၊ ဧကရာဇ်သတင်း၊ ပြီးတော့ ညတုန်းက သူယောင်တောအုပ်ထဲကို ဘာလာလုပ်တာလဲ၊ အရိပ်ကိုယ်ရံတော်တွေ ဘာလို့လာတောင်းသွားတာလဲ။ သူတကယ်ပဲ နားမလည်နိုင်တော့ပေ။ ထို့အတွက် ထယ်ယောင်းဆိုသူအား စောင့်ကြည့်စားရင်းထဲ ထည့်ထားလိုက်သည်။

" ကိုယ်တို့နန်းတော်ကို ပြန်ကြမယ်လေ " မြို့လမ်းမပေါ်မှ လျှောက်သွားနေတဲ့ ထယ်ယောင်းအား ဂျောင်ကုနူးညံ့စွာပြောလိုက်သည်။

" Vampire အသိုက်ထဲကိုလား " ထယ်ယောင်း မျက်ခုံးတို့ တွန့်ချိုးသွားသည်။

" မင်းမေ့နေတာပဲ ကိုယ်လည်း Vampire ပဲလေ "

" ငါကတော့လူလေ "

 Task-Taker Where stories live. Discover now