Arc 3.17 (How Villians Are Made)

220 43 0
                                    

Unicode

" ဘာမှမရှင်းပြနဲ့ ငါအကုန်သိပြီးပြီ၊ ထယ်ဆိုးလ်ပေးလိုက်တဲ့ စာချုပ်တွေ ငါ့ကိုပြကြည့် "

လက်ဖြန့်တောင်းလာသည့်ဂျောင်ကုကြောင့် ထယ်ယောင်း ခဏလောက် ဘာလုပ်ရမယ်မှန်းမသိတော့ပေ။

" အကုန်သိပြီးသားကို...ငါ့ကိုလာရစ်နေတာလား..."

" ရော့...ချိုချဉ်စား..."

ဂျောင်ကုသည် ထယ်ယောင်း၏ အမေးကိုမဖြေပါဘဲ ထယ်ယောင်းပါးစပ်ထဲသို့ သကြားလုံးလေးတစ်လုံး ထပ်ထည့်ပေးလာသည်။ မုန့်ရသွားသည့်အတွက် ထယ်ယောင်းလည်း ဘာမှမပြောတော့ဘဲ ပေကပ်ကပ်ပြန်ကြည့်ပြီး လက်ထဲက စာဖိုင်ကို ဂျောင်ကုဆီလွှဲပေးလိုက်သည်။

" ပြောတော့ Adminနဲ့ အဆတ်အသွယ်မရဘူးဆို...ဘယ်လိုသိနေတာလဲ..."

" ဖုန်းခေါ်လိုက်တာလေ...အိပ်မပျော်တာနဲ့ မင်းကိုမြင်ချင်လို့၊ ဘယ်သူထင်မှာလဲ မင်းကနောက်မီးလင်းနေတယ်လေ..."

ဂျောင်ကုသည် စာရွက်စာတမ်းများဖတ်နေရင်းမှပြန်ဖြေလာသည်။

" အာ...အခုမှသတိရတယ်၊ ဟင်နရီက မင်းရဲ့Adminမလား ငါမေ့သွားတာ...ဒါနဲ့ အဲကွန်းပိတ်ထားတာလား...အိုက်စပ်စပ်ကြီး..."

အစောပိုင်းကထယ်ယောင်း၏ စကားတို့ကို စိတ်ဝင်စားဟန်မပြသည့် ဂျောင်ကုသည် နောက်ဆုံးးကားကို ကြားသည့်အခါ ခေါင်းမော့ကြည့်လာသည်။ ထို့နောက် သူသည် လက်ထဲက စာရွက်စာတမ်းကို စားပွဲပေါ်အသာချလိုက်ပြီး ဘေးနားက ထယ်ယောင်းကို ညစ်ကျယ်ကျယ်လေးပြုံးပြလာသည်။

" ထယ်...ပါးတွေနီနေပြီ "

ထယ်ယောင်းသည် ပါးကို လက်နှင့်အုပ်ကိုင်လိုက်သည်။ ပူစပ်စပ်ဖြင့်နေသည့် အသားအရည်အထိအတွေ့နှင့် ကိုယ်ထဲရှိ တစ်စုံတစ်ရာမှာ စတင်လောင်ကျွမ်းလာပြီကို ထယ်ယောင်းသတိထားမိလာသည်။

" ဂျွန်...."

ရီဝေဝေအကြည့်များနှင့် လှိုက်မောစွာခေါ်လိုက်သည့်အခါ အနားတိုးလာပြီး ခါးလေးကို ပွေ့ဖတ်လာသည့်ဂျောင်ကု။

ထယ်ယောင်း၏ ခေါင်းထဲဝယ် အခြားသောကိစ္စများအတွက်စဉ်းစားချိန်မရှိတော့ပေ။ သူရှေ့က အနှီဂျောင်ကုဆိုသူကိုသာ ခုန်အုပ်ပစ်ချင်တော့သည်။ ပူလောင်မှုတွေကြားကမြင်နေရသည့် ဂျောင်ကု၏ ညစ်ကျယ်ကျယ်အပြုံးတို့သည် ပိုလို့ဆွဲဆောင်မှုရှိနေ၏။

 Task-Taker Where stories live. Discover now