Arc 3.18 (How Villians Are Made)

196 40 0
                                    

Unicode

စူးရှရှဆေးနံ့များသည် အခန်းထဲ မွှန်ထူနေ၏။ နေ့ခင်းအချိန်ဖြစ်သည့်အတိုင်း နေရောင်တစ်စက်ကလေး မဝင်စေရန် ကာရန်ထားသော လိုက်ကာမည်းကြီးများကြောင့် အခန်းဟာ ခြောက်ခြားစရာကောင်းနေ၏။

" နင်ဘာလို့သူ့ကိုခေါ်ချင်နေလဲ ငါနားမလည်တော့ဘူး..."

ထယ်ဆိုးလ်၏ ခပ်တိုးတိုးမကျေနပ်သံဖြစ်သည်။ သူမသည် ဆရာဝန်များပေးသွားသည့် ဆေးမှတ်တမ်းကို ကိုင်ထားကာ ကုတင်ဘေးဝင်ထိုင်လာသည်။ ကုတင်ပေါ်တွင်ရှိသော ထယ်ဂျောင်ကတော့ ဓာတ်ပုံဘောင်လေးကိုသာ တွေတွေကြီးငေးနေသည်။

" နင်အတိတ်ကိုလွမ်းနေပြန်ပြီ..."

ဓာတ်ပုံကိုမြင်သည့်အခါ ထယ်ဆိုးလ်၏ အသံမှာလည်း သိသိသာသာပင် ညှိုးနွမ်းသွားရသည်။ ဓာတ်ပုံထဲတွင် ကလေးသုံးယောက်နှင့် အမျိုးသားနှစ်ဦးသည် ကားထဲတွင် ပျော်ပျော်ရွှင်ရွှင် ဆယ်ဖီလ်ဆွဲထားသည့်ပုံဖြစ်သည်။

" သူ့မှာ ပါးပါးလို မျက်ဝန်းတွေရှိတယ်...."

ထယ်ဂျောင်သည် ဓာတ်ပုံပေါ်မှပါးပါးဖြစ်သူကို အသာထိတွေ့လိုက်သည်။ ထိုမျက်ဝန်းများသည် တစ်ပုံစံတည်းတူညီလှသည်။ အေးချမ်းတည်ငြိမ်ပြီး နက်ရှုင်းသည့် သမုဒ္ဒရာပြင်ကျယ်ကြီးလို ခန့်မှန်းရခတ်သည့် မျက်ဝန်းတွေ...။

ထယ်ဂျောင်သည် ဖျော့တော့စွာ ထပ်ပြောသည်။

" သူက ငါ့နာမည်အရင်းကိုလည်းသိနေတယ်...မထူးဆန်းဘူးလား...သူက ပါးပါးနဲ့ အရမ်းတူတယ် "

" ငါသူ့ကိုခေါ်ထားပြီးပြီ...ရှေ့လျှောက်အဆင်ပြေမယ်ဆို မွေးစားမလားစဉ်းစားထားတယ်၊ နင်ဘယ်လိုထင်လဲ..."

" မွေးစားတဲ့အထိတော့မလုပ်ပါနဲ့ ငါတို့မိသားစုထဲ နောက်ထပ်လူတွေမထည့်ချင်တော့ဘူး "

ထယ်ဂျောင်ရော ထယ်ဆိုးလ်ရော နစ်ယောက်လုံးသည် လီလီကြောင့်စိတ်ဒဏ်ရာရသွားကာ မည်သူ့ကိုမှ သံယောဇဉ်ထပ်မတွယ်ချင်တော့ပေ။ လူတို့သည် ဤကမ္ဘာမြေပေါ်ဝယ် ဧည့်သည်ကဲ့သို့ပင်ဖြစ်ကြသည်။ အသိပေးခြင်းမရှိပါဘဲ ဝင်ရောက်လာကြမည်၊ အသိပေးခြင်းမရှိပါဘဲ ထွက်ခွါသွားကြမည်။ မည်သူတစ်ဦးတစ်ယောက်ကမှ သင့်ဘဝထဲ ကြာကြာနေကြမဟုတ်ပေ။

 Task-Taker Where stories live. Discover now