Arc3.20 (How Villians Are Made)

210 45 0
                                    

Unicode

အချစ်ဆိုတာာလဲ...။

ထိုမေးခွန်းကြောင့် အိုင်းရစ်သည် တစ်ခဏာတာဆွံ့အသွားကာ မည်သည့်အဖြေကိုမှ ပြန်မပေးနိုင်ခဲ့ပေ။ ထယ်ယောင်းသည် သူတစ်ပါး၏ အမှောင်ထုကိုကစားရတာကို သဘောခွေ့သည်။ အခုလည်း တစ်ခဏတာဆွံ့အသွားသည့် အိုင်းရစ်၏ မျက်ဝန်းထဲ အမှောင်ထုသေးသေးလေးက အစပြုလာသည်ကို သူအတိုင်းသာ မြင်နေရသည်။

" အမှန်တော့ အရှုံးသမားက ငါမဟုတ်ဘဲ မင်းပဲ...မင်းကအမြဲတမ်းငါ့ကို ရှုံးခဲ့တာ..အနာဂတ်မှာလည်း ရှုံးနေဦးမှာပဲ...."

ထယ်ယောင်းသည် သူ၏စံအပြုံးလေးပြုံးကာ အိုင်းရစ်၏မှောင်မိုက်နေသည့် စိတ်ခံစားချက်တို့ကို ဆွသည်။ လူတစ်ယောက်သည် မည်မျှဟန်ဆောင်ပါစေ၊ အမှောင်ထုထဲပုန်းအောင်းနေသည့် မကောင်းဆိုးဝါးကတော့ စစ်မှန်သည်။ အမုန်းတွေ၊ အတ္တတွေ၊ နောင်တတွေနှင့် အကြောက်တရားတွေက လူတစ်ဦး၏ စစ်မှန်မှုကို ထင်ဟပ်စေသည်။

" စဉ်းစားကြည့်တော့လည်း...တစ်လျှောက်လုံးငါ့ကိုမနာလိုဖြစ်လာတာမင်းလေ၊ ပြီးပြည့်စုံတဲ့မိသားစု...ပြီးပြည့်စုံတဲ့ေကျာင်းအဆင့်...ပြီးပြည့်စုံတဲ့ချစ်ရသူတွေ၊ အရာရာပြီးပြည့်စုံခဲ့တဲ့ ငါ့ဘဝကြီးကို မင်းပဲ မနာလိုဖြစ်ခဲ့တာမလား။ မင်း...မင်းသာ ပေါ်မလာခဲ့ရင်၊ မင်းသာငါ့အကြောင်း မကောင်းတာတွေ မဖွခဲ့ရင်....အဲဗင်းန်ကငါ့ဘေးမှာရပ်နေမှာ၊ ငါ့လက်ကိုပဲကိုင်တွဲထားမှာ၊ ငါတို့က အရမ်းကိုချစ်ခင်ကြတဲ့ သူငယ်ချင်းတွေဖြစ်နေမှာ...အချစ်ကဘာလဲ၊ ငါ့အတွက် အချစ်က ဒီအတိုင်းလေးပဲ သူနဲ့အတူရှိနေရင်ရပြီ၊ မင်းကရော...ငါ့ကိုကန်ထုတ်ပြီးတာတောင် မင်းလိုချင်တဲ့အချစ်ကို ရလို့လား..."

ထယ်ယောင်း၏ မျက်ဝန်းများသည် အေးစက်နေသော်လည်း စကားသံတို့သည် တုန်ရီနေကာ ရှုပ်ထွေးလှသည့်ခံစားချက်တို့ရောပြွမ်းနေသည်။ ထိုစကားတစ်လုံးချင်းစီသည် မာတင်၏နှလုံးသားထဲမှ နာနာကျင်ကျင်ထွက်ပေါ်လာတာဖြစ်ပြီး မာတင်တစ်ဘဝလုံး ထုတ်မပြောခဲ့သည့် စကားသံတွေဖြစ်သည်။

" ငါတို့မိသားစု စီးပွါးရေးတွေပျက်တယ်...ငါ့ပတ်ဝန်းကျင်ကလူတွေ ငါ့ကို ကျောခိုင်းသွားကြတယ်။ အဲအချိန်တုန်းက မင်းရဲ့မနာလိုမှုကြောင့် မင်းတိတ်တိတ်ပျော်နေပေမယ့်၊ မင်းရဲ့မိသားစုကရော အဆင်ပြေလို့လား..."

 Task-Taker Where stories live. Discover now