Outside Of System

438 66 9
                                    

Unicode

" မာမီ....Zues လေ...သားကို ဆူလိုက်တယ်...အဟင့်..အင့်..."

လသားအရွယ်ဝန်းကျင် ကလေးသေးသေးလေးတစ်ယောက်သည် စူးစူးဝါးဝါးအော်ငိုရင်း ခြေလှမ်းသေးသေးလေးများနဲ့ Nyx ထံပြေးလာသည်။ ဘောင်းဘီသေးသေးလေးကိုသာ ဝတ်ဆင်ထားတာကြောင့် ပြေးလိုက်တဲ့အခါ ဖင်တုံးလေးသည် လုံးလုံးလေးနဲ့ တုန်နေသည်။

" ဝိုး...ဒီမမချောချောက ဘယ်သူလဲ "

ကလေးငယ်၏ မျက်ဝန်းများသည် အံ့သြစရာတွေ့လိုက်ရသည့်အခါ ကြယ်လေးများနှယ် ဝင်းလဲ့သွား၏။

" ကလေးကလား လုပ်မနေနဲ့ မူလပုံစံပြန်ပြောင်းစမ်း....အောက်ခံဘောင်းဘီတစ်ထည်တည်းနဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်မိုက်နေတယ် ထင်သလား "

Nyx သည် ပြောရင်းဆိုရင်းဖြင့် ကလေးငယ်၏ ဖင်လုံးလုံးလေးအား လက်သန်ပြောင်ပြောင်ဖြင့် တစ်ချက်ရိုက်လိုက်သည်။

" အ့...နာတယ် "

အရိုက်ခံလိုက်ရသည့်အတွက် ကလေးငယ်၏ နှုတ်ခမ်းဖူးဖူးလေးသည် စူလာကာ မိခင်ဖြစ်သူအား မကြေမချမ်းပြန်မော့ကြည့်လာသည်။ နှလုံးသားမရှိလိုက်တာ! ငါ့လိုချစ်စရာကလေးလေးကို ဘယ်လိုတောင်ရိုက်ရက်ရတာလဲ!!!

" Hypnos...မဆော့နဲ့တော့ "

" မာမီကလည်း..."

Hypnos ၏ မျက်လုံးလေးများသည် အရည်ကြည်လေးများလဲ့လာကာ ဝမ်းနည်းမှုတို့အတိုင်းသာပေါ်လာသည်။ စူနေသည့် နှုတ်ခမ်းဖူးဖူးလေးမှာလည်း မဲ့ကျသွားကာ မကြာခင်ပြိုတော့မည့်မိုးလို ငိုချတော့မည့်ဟန်ပြင်နေ၏။

" အဟင့်...ဟင့်...မာမီ...မာမီက သားကိုမချစ်တော့ဘူးပဲ အူးဝါး....မာမီသားကိုဆူတယ် အင့်....သားသိပါတယ်။ သားကို အိုလံပီယာတောင်ခြေက ကောက်လာတာမလား အဟင့်။ သားကမွေးစားသားမို့ မာမီက သားကို မချစ်ဘူးပဲ အင့်....အဟင့်...."

တရှုတ်ရှုတ်ငိုနေသည့် ကလေးငယ်ကို ကြည့်ရင်း Nyx ခေါင်းကိုက်လာ၏။

" Hypnos...ဒီလို သရုပ်ဆောင်စကေးလ်တွေနဲ့ဆို မင်းရုပ်ရှင်လောကထဲဝင်သင့်တယ်။ သေချာတယ်....နှစ်တိုင်းအော်စကာဆုကို မင်းပဲရမှာ"

 Task-Taker Where stories live. Discover now