Arc 2.11 ( Papa's Heart Is Freezing Like Ice )

498 90 4
                                    

Unicode

" ဦးဦးဂျွန်...လီလီရဲ့ ဆေးပေးပါ "

စက္ကန့်ပိုင်းမျှ ဂျောင်ကုကြောင်အသွားသည်။ သူ့မှာ ဘာဆေးမှမရှိဘူးလေ။ ဒီအရှုပ်အထုပ်လေးက ဘာကိုလာတောင်းနေတာလဲ။

လီလီဆက်ပြောသည်။

" ကူညီပေးပါ " ဒီတစ်ခါတော့ လီလီသည် သူ့ရဲ့ လက်သေးသေးလေးတွေနဲ့ ဂျောင်ကု၏ အင်္ကျီစအား မမှီတမှီလှမ်းဆွဲရင်း တောင်းဆိုလာသည်။ သို့သော်လည်း ဂျောင်ကု၏ မျက်နှာထက်၌ 'ငါဘာမှမသိဘူး' ဟူ၍ရေးထိုးထား၏။

လီလီအနည်းငယ်ဒေါကန်လာသည်။ ဒီလူကြီးက သူ့ဘဲကလွဲပြီး ဘာမှမသိတာလား။ တာဝန်ထမ်းဆောင်သူဖြစ်ပြီး System store ကိုမေ့နေတာလား...။

" မရှိရင်ဝယ်လေ မကောင်းတဲ့ကောင်ရဲ့။ System store ကြီးက အလှထားတာလား...။ " လီလီသည် ထိုသို့အော်ဟစ်ဒေါကန်ပြီးသည့်နောက် တစ်ပတ်လည်ကာ လဲကျသွားတော့သည်။ ကျန်တဲ့အမွှာနှစ်ကောင်သည်လည်း ပြာယာခတ်သွားသလို၊ ထယ်ယောင်းသည်လည်း မယုံကြည်နိုင်စွာနဲ့ ဂျောင်ကုအား ပြန်ကြည့်မိသည်။

" အကုန်ရှင်းပြဖို့ပြင်ထား ဂျွန်ဂျောင်ကုရှီး..." ထယ်ယောင်း၏ ရာဇသံအောက်မှာ ဂျောင်ကုခေါင်းလေးပုသွားမိသည်မှာ အမှန်ပင်။

လီလီမျက်လုံးပွင့်လာတော့ သူဟာ နက်ပြာရောင် crystal castle ထဲရောက်နေတာကို သတိထားမိလေသည်။ သူဒီနေရာကိုသိတာပေါ့။ ဒါက တီလေး Nyxရဲ့ ပုံရိပ်ယောင် နယ်မြေတစ်ခု။

" Alex ကိုခေါ်ပြီး အိမ်ပြန်တော့ " Nyx သည် သောက်လတ်စ လက်ဖတ်ရည်ခွက်အား အသာချပြီး လီလီအား သတိပေးလာသည်။

" တီလေး..." လီလီသည် ချွဲဖို့ပြင်လိုက်သော်လည်း Nyxဆီမှ အကြည့်စူးစူးတို့ကိုသာ လက်ခံရရှိလေသည်။

" မင်းကငယ်သေးတယ် ကလေးမ။ ဝိညာဉ်လွှင့်တာကတောင် အန္တရယ်များလွန်းနေပြီ ကမ္ဘာတွေကိုကူးသန်းဖို့ဆိုတာက သေမင်းနှုတ်ခမ်းဝမှာ လျှောက်နေသလိုပဲ။ မင်းမြန်မြန်မပြန်ရင် မင်းရဲ့မူလကမ္ဘာက ခန္ဓာကိုယ်က သေဆုံးသွားတော့မယ် "

" ဟင့် Nyxက လူကိုဖြဲခြောက်နေတာပဲ။ အပေးအယူလုပ်ရအောင် အဲ့တာဆို Nyxရဲ့ဂိမ်းတွေမှာ ဝင်မရှုပ်တော့ဘဲ ထွက်သွားပေးမယ် "

 Task-Taker Where stories live. Discover now