Arc 3.1 (How Villians Are Made)

385 57 4
                                    

Unicode

[ ဟုတ်ပြီ...ကြည့်ရတာ ငါမှတ်ဉာဏ်ဖျတ်တာ နည်းနည်းလေးလက်လွန်သွားသလိုပဲ၊ မင်းဘာတွေမှတ်မိသေးလဲ]

ထယ်ယောင်း ခေါင်းထဲကအသံကို မတုန့်ပြန်နိုင်သေးဘဲ ပတ်ဝန်းကျင်ကိုအကဲခတ်မိသည်။ ရိုးရှင်းသည့်အခန်းငယ်လေးတစ်ခုပင်။ မကျယ်လှသည့်အခန်းငယ်လေးသည် ကုတင်တစ်လုံးတည်းနှင့် ပြည့်လုပြည့်ခင်ဖြစ်နေသည်။ ကုတင်ဘေးဘက်တွင် လူသွားဖို့ရာ လမ်းလေးတစ်ခုသာရှိပြီး ထိုလမ်းလေးကလည်း Air cooler အကြီးကြီးတစ်ခုဖြင့် ရှုပ်နေ၏။

' အင်း...မင်းက 1230 ဆိုတာရယ်၊ ငါဒီကို ဘုရားမနဲ့ အပေးအယူလုပ်ပြီးရောက်လာတယ်ဆိုတာရယ်၊ လူတစ်ယောက်ကိုရှာဖို့ဆိုတာရယ်တော့မှတ်မိတယ် '

[ အဲ့တာဆိုရင်ပဲ လုံလောက်ပါတယ်၊ အစကနေ ပြန်ရှင်းပြပြီး သံသရာမလည်ချင်တော့ဘူး...။ ဇာတ်ကြောင်းလက်ခံခြင်းစတင်ပါပြီ။ ]

Admin1230၏ အသိပေးချက်နှင့်အတူ ထယ်ယောင်း၏ ဦးခေါင်းတစ်ခုလုံးစတင်မူးဝေလာတော့သည်။ ဝေဝါးနေသည့် ပုံရိပ်တို့သည် အနည်ထိုင်လာသည့်ကာ ပြတ်သားကြည်လင်သည့် မှတ်ဉာဏ်များအဖြစ် ပုံဖော်လို့လာလေသည်။ မှတ်ဉာဏ်တို့ကို အလုံးစုံလက်မခံရသေးခင် သိမ်ငယ်မှုနှင့် ကြောက်ရွံ့မှုတို့သည် သူ့ကိုတစ်စတစ်စဝါးမြိုလို့လာလေသည်။

မှောင်မည်းနေသည့် အခန်းထောင့်လေးထဲဝယ် ထိုင်ငိုနေသည့် ဆယ်ကျော်သတ်ကလေးကို တွေ့သည့်အခါ ထိုနေရာမှာသူခံစားနေရသကဲ့သို့ နာကျင်ဝမ်းနည်းလာမိသည်။ ထိုဆယ်ကျော်သတ်လေးကို လူအများရဲ့လှောင်ပြောင်နေသည်ကို တွေ့ရသည့်အခါ ထယ်ယောင်းကိုယ်တိုင်ပါ သိမ်ငယ်လာသည်။ အမျိုးမျိုးသော မြင်ကွင်းတို့ကိုမြင်တိုင်း အမျိုးမျိုးသောအမှောင်ထုကြီးသည် ထယ်ယောင်းကို စတင်ဝါးမြိုလာလေပြီ။

[ သတိထား၊ ဇာတ်ကောင်လွှမ်းမိုးတာမခံရစေနဲ့။ မင်းမြင်နေတာတွေအားလုံးက ဇာတ်လမ်းထဲက ဇာတ်ကွက်တွေပဲ။ တကယ်မဟုတ်ဘူးဆိုတာ သတိရပါ။ ]

Admin1230သည် ထယ်ယောင်း ဇာတ်ကောင်လွှမ်းမိုးမှုခံရတော့မည်ကို သိသည့်အခါ သတိပေးလာသည်။ အတက်အကျမရှိသည့် AI အသံ ဖြစ်နေသောကြောင့် Admin1230သည် သူ့ကိုစိတ်ပူနေသလော၊ စိတ်ပျက်နေသလော ထယ်ယောင်းမခွဲခြားတတ်ပါ။

 Task-Taker Where stories live. Discover now