Arc3.6 (How Villians Are Made)

301 50 2
                                    

Unicode

ဖြောင်း...

ကျယ်လောင်တဲ့ ပါးရိုက်သံနှင့်အတူ ထယ်ယောင်းနားတွေပါ တဝီဝီအူသွားသည်။ ဒီလိုအခြေအနေအထိ သူမျှော်လင့်ထားသော်လည်း လက်တွေ့ကပိုကြောက်စရာကောင်းသည်။

" အက်စတာ..."

ထယ်ယောင်းသူရှေ့တွင် ရပ်နေသည့် ညီမဖြစ်သူကို နားမလည်စွာ ပြန်ကြည့်မိသည်။ အက်စတာသည် ပါးပြင်တွင် မျက်ရည်များစိုရွှဲနေကာ နှုတ်ခမ်းပါးတို့သည် တစ်စုံတစ်ခါပြောချင်ဟန် တုန်ရီနေသည်။ ထယ်ယောင်းသည် စပ်ဖျင်းနေသည့် ပါးပြင်အသာထိတွေ့လိုက်ပြီး အက်စတာကို ပြန်ကြည့်သည်။ ထိုအကြည့်များထဲတွင် ဘာလို့လဲဆိုသည့် မေးခွန်းသည် အကြိမ်ပေါင်းများစွာထပ်နေ၏။

" မေမေ့ကို မထိနဲ့ "

ငိုသံဖြင့်ပြောလာသည့် အက်စတာသည် ဒဏ်ရာပရပွဖြင့်တုန်ရီနေသော ခန္ဓာကိုယ်လေးကို အသုံးပြုက မိခင်ဖြစ်သူကို ကာကွယ်ပေးထားသည်။

" အက်စတာ...ငါက အမှန်တရားကို ထောက်ပြရုံပဲလေ၊ မင်းကငါ့ကိုဘာလို့ရိုက်ရလဲ "

ထယ်ယောင်းသည် အမှန်တကယ်ဒေါသထွက်သွားကာ အက်စတာကို ပုခုံးမှကိုင်လှုပ်ပစ်လိုက်သည်။ သစ္စာဖောက်ခံရသည့်ခံစားချက်၊ အပစ်ပယ်ခံရသည့် ခံစားချက်တို့သည် သူ့ကို တစ်ဖန်ပြန်လည် ဝါးမြိုလာလေပြီ။

" နင်လွန်တယ်၊ ဘယ်လောက်မှားနေပါစေ နင်ဒီလောက်ထိတုန့်ပြန်ဖို့မလိုဘူးလေ...မေမေက ငါတို့ရဲ့မိဘတွေဖြစ်နေသေးတယ်လေ။ သားသမီးတွေက သူတို့ရဲ့ မိဘတွေကို မုန်းခွင့်မရှိဘူး...မာတင်..."

အက်စတာ၏ ပြောစကားများသည် ထယ်ယောင်းကို အတိတ်ဆီသို့ ပြန်လည်သယ်ဆောင်သွားလို့နေသည်။ ဆိုးရွားလှသည့် ကလေးဘဝတွေက သူ့မှတ်ဉာဏ်တို့ထဲပြန်ပေါ်လာနေသည်။ ထို့အပြင် ရင်းနှီးနေသည့် အစိမ်းသက်သက် မှတ်ဉာဏ်တို့ကလည်း ဝေဝေဝါးဝါးပေါ်လာပြန်သည်။

' သူတို့က ငါတို့ရဲ့မိဘတွေဖြစ်နေသေးတယ်လေ။ လိမ္မာတဲ့သားသမီးတွေက သူတို့ရဲ့ မိဘတွေကို မုန်းခွင့်မရှိဘူး...'

' ပါးပါး...'

' ဦးဦးဂျွန်က အကျင့်ပုပ်ကြီး။ လီလီ့ကို ညစ်ပတ်တယ်၊ နံတယ်၊ တို့ဟူးဖြူနားမကပ်နဲ့တဲ့ '

 Task-Taker Where stories live. Discover now