Arc3.4 (How Villians Are Made)

278 52 3
                                    

Unicode

" အဲ့ကောင်လေးကဘယ်သူလဲ "

လူတစ်ယောက်သည် ဆိုဖာပေါ်ထိုင်နေရင်းမှ တစ်ဖတ်လူထံ ဖုန်းပစ်ပေးလိုက်သည်။ တစ်ဖတ်ကလူသည် ဖုန်းကို အလျှင်အမြန်လှမ်းဖမ်းလိုက်ပြီးနောက် ဗီဒီယိုထဲကလူကို တစ်ချက်ကြည့်လိုက်သည်။

" မာတင် ဂျိမ်း၊ အိုင်းရစ်ရဲ့ အချစ်ဆုံးသူငယ်ချင်း၊ အမှန်တော့ အနိုင်ကျင့်ခံလေးပါ။ မထုံတတ်သေးနဲ့ ငတုံးတစ်ကောင်။ စာလေးတော့တော်ပါတယ်...အဲဗင်းန်နဲ့ ပြဿနာဖြစ်တာသူလေ..."

" အိုး...အဲ့တာဆို သူ့ကိုပါစောင့်ကြည့်ထား၊ ဆွဲကြိုးကသူ့လက်ထဲမှာ "

" မင်းမှားနေပြီ၊ ဆွဲကြိုးက အိုင်းရစ်လက်ထဲပြန်ရောက်သွားပြီ "

ထိုစကားကိုပြောလိုက်သည့် လူငယ်သည် ယုံကြည်ချက်ရှိစွာနဲ့ ရွှေရောင်မျက်မှန်ကိုင်းကိုပင့်တင်လိုက်သည်။ ထို့နောက် တစ်ဖတ်လူက အဓိပ္ပာယ်ပါပါနဲ့ မျက်ခုံးပင့်ပြလာ၏။

" ခွေးသတောင်းစားကောင် "

ရလဒ်အနေဖြင့် တစ်ဖတ်လူသည် သူ့ကိုဆဲဆိုကာ ဝင်လုံးတော့သည်။

" လူတစ်ယောက်လိုပဲနေထိုင်ပါဆိုတာ မင်းနားမလည်ဘူးလား ဟမ်၊ မင်းရဲ့ပုံစံအစစ်အမှန်ကို မြွေနက်အာရုံခံမိသွားရင် ဘယ်လိုလုပ်မလဲ၊ ခွေးကောင် "

" အား....host ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော်တောင်းပန်ပါတယ် နောက်မလုပ်တော့ပါဘူး "

တိုက်ခန်းငယ်လေးထဲ Admin9119၏ အော်ငိုသံတို့ဖြင့်သာ ပဲ့တင်ထပ်နေတော့သည်။ သူ့အနေနှင့် လူသားအသွင်မယူချင်တာ ဂျောင်ကုကြောင့်လည်းပါသည်။ ဂျောင်ကုသည် စိတ်မထင်ရင်မထင်သလို စိတ်ရှိတိုင်းရိုက်နှတ်ပေလိမ့်မည်။

" Host ကို သခင်မနဲ့ တိုင်မယ် အီးဟီး..."

အရိုက်ခံထားရသည့် Admin9119သည် အခန်းထောင့်လေးတွင် ကိုယ်ကိုကြုံ့ကာ ငိုယိုနေတော့သည်။ ဂျောင်ကုသည် Admin9119ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး

" လုပ်ရဲလား "

တစ်ဖန် ကျောင်းဝန်းထဲတွင်...

 Task-Taker Where stories live. Discover now