အခန်း(၃၃)

5.1K 443 13
                                    

ဗားကရာကျောင်းသည်အင်းဝတွင်လည်ပတ်ခဲ့သမျှထဲတွင်နောက်ဆုံးနေရာဖြစ်ခဲ့သည်။ထိုနေရာမှအပြန်တွင်အင်းဝမှခွာခဲ့ကြတော့သည်။ဖိုးသန်းဝင်းပြောပြသည့်အမြောက်ကြီးတွေရှိတယ်ဆိုသည့်ခံတပ်ဟောင်းကြီးကိုမရောက်ခဲ့ရ
ပေ။

ထနောင်းတို့ကားတွေကမိုးနှင့်ဆန့်ကျင်ပြီးမြောက်ဘက်သို့ပြေးနေသည်။သို့သော်ပလိပ်သို့ရောက်လျှင်ကျောက်ဆည်ဘက်သို့သွားရမည်မို့
ကားတွေကတောင်ဘက်သို့ပြန်ကွေ့သွားသည်။

ရှေ့တွင်မြင်ကွင်းတစ်ခုလုံးကမှိုင်းမှုံနေသည်။ကားတွေကရွာနေသည့်မိုးရေတွေထဲတိုးဝင်
သွားခဲ့သည်။မိုးထဲပိုရောက်လေရှေ့ကိုဘာမှမမြင်ရလေဖြစ်လာသဖြင့်ဓာတ်ငွေ့ဆိုင်ရှေ့သို့ရောက်လျှင်ကားတွေကိုတန်းစီပြီးရပ်ထားလိုက်ရသည်။မရပ်လို့လည်းမဖြစ်ပေ။မိုးနှင့်အတူလေပါခပ်ကြမ်းကြမ်းတိုက်ခတ်လာခဲ့ပြီးသစ်ကိုင်းတွေပါကျိုးကျလာခဲ့သည်။

ကားခေါင်မိုးပေါ်ကလူတွေအကုန်ဆင်းခိုင်းပြီးကားထဲဝင်ထိုင်ခိုင်းရသည်။မိုးထဲလေထဲတွင်
ကားကိုဒီအတိုင်းရပ်ထားရသဖြင့်ကားပေါ်ကလူတွေမိုးဒဏ်လေဒဏ်ကိုငုတ်တုတ်ခံနေရသည်။ကားခေါင်းထဲကဒရိုင်ဘာကကားပေါ်ကလူ
တွေအကုန်လုံးရေစိုနေပြီးသူကမစိုသေးသဖြင့်အများနည်းတူရေစိုခံမည်ဟုစိတ်ကူးလိုက်ပုံရသည်။ကားထဲကထွက်လာပြီးကားကိုမိုးရေတွေနှင့်ပွတ်တိုက်ကာရေဆေးနေတော့သည်။

ပြီးတော့ကားသမားကဘိုးဘိုးဒေါနကို"မက္ခရာ
ဝင်ဦးမှာလား"ဟုမေးသည်။ဘိုးဘိုးဒေါနကကားသမားကိုရွာမှာကတည်းကအင်းဝနဲ့မက္ခရာဘု
ရားဖူးခရီးဟုပြောထားသဖြင့်ကားသမားကဘိုးဘိုးဒေါန၏သဘောထားကိုမေးခြင်းဖြစ်သည်။ဒီလိုမိုးရွာပုံမျိုးနဲ့မက္ခရာလမ်းကလည်းလမ်းဆိုးနေမှာအမှန်ပင်။ဘိုးဘိုးဒေါနကမက္ခရာမဝင်တော့ဘူးရွာကိုပဲတန်းပြန်တော့မည်ဟုပြောလိုက်သည်။

ထနောင်းတို့ဘုရားဖူးအဖွဲ့မှာအခုချိန်ထိဘုရားဖူးပြန်လက်ဆောင်တို့မုန့်တို့မဝယ်ကြရသေးပေ။ကားရပ်ထားသည့်နေရာကဂတ်စ်ဆိုင်ရှေ့ဖြစ်နေ၍ဈေးသည်တွေအများကြီးရှိနေသော်လည်းမိုးကသဲသဲမဲမဲရွာနေသဖြင့်မိုးကာတွေအုပ်ထား
ကြသည်။

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Where stories live. Discover now