အခန်း(၄၂)

4.9K 412 2
                                    

ထမင်းစားပြီးသွားသည့်အချိန်တွင်အောင်စုနဲ့အောင်သီဟကဦးနေမျိုးသီဟနဲ့စကားထိုင်ပြော
နေကြသည်။အောင်သီဟကဇမ္ဗူ့ ဆီကဖုန်းဝင်
လာသဖြင့်ကိုင်လိုင်သည်။

“ဟယ်လို…ဘော့စ်”

“ဘော့စ်မဟုတ်ဘူး…ငါထနောင်း"

အောင်သီဟစိတ်ထဲထူးဆန်းသွားသည်။ဘော့စ်ဖုန်းနဲ့ထနောင်းကဖုန်းဆက်တယ်ဆိုတော့…သူဧည့်ခန်းထဲကနေအပြင်ထွက်လာခဲ့သည်။

“ဟုတ်ကဲ့နောင်းနောင်းပြောပါခင်ဗျ"

ထနောင်းကိုမျက်စိကျနေတဲ့ဇမ္ဗူ ကအောင်စုကိုယောက်ဖလေးဆိုပြီးမျက်နှာသာပေးသလို၊အောင်စုကိုသဘောကျနေတဲ့သူကလည်းထနောင်းကိုယောက်ဖကြီးဆိုပြီးမျက်နှာသာပေးရပေမည်။လေသံကအစရိုကျိုးနေသည်။(နဂိုကတည်းကယဉ်ကျေးတဲ့သူမို့ပါ)

“မင်းငါ့ညီကိုဘယ်သူ့ရဲ့ခွင့်ပြုချက်နဲ့ခေါ်သွားတာလဲ”

“ဘော့စ်"

“ဘာဘော့စ်တုန်း…အောင်စုကသူ့ညီလား…ငါ့ညီလား”

“တောင်းပန်ပါတယ်။နောက်တစ်ခါနောင်းနောင်းဆီခွင့်တောင်းပါ့မယ်”

“ခွင့်မတောင်းနဲ့။နောက်တစ်ခါငါ့ညီကိုမထည့်နိုင်ဘူး"

“တောင်းပန်ပါတယ်။နောင်းနောင်းစိတ်ဆိုးပြေ
အောင်ကျွန်တော်ဘာလုပ်ပေးရမလဲ"

“မနက်ဖြန်မနက်မိုးလင်းတာနဲ့ငါ့ညီကိုငါ့ဆီပြန်ပို့”

“ဟုတ်ကဲ့"

“အကောင်းအတိုင်းပြန်ပို့နော်"

“ဟုတ်ကဲ့"

“ဘာအပြစ်အနာအဆာမှမပါစေနဲ့"

“ဟုတ်ကဲ့"

“ငါ့ညီကဘာမှသိတာမဟုတ်ဘူး။မင်းငါ့ညီကိုနိုင်စားဖို့မစဉ်းစားနဲ့”

“ဟုတ်ကဲ့"

အောင်သီဟကမဟုတ်မခံစိတ်ရှိတဲ့သူဆိုတော့သူများပြောတိုင်းငြိမ်ခံတတ်တဲ့သူမဟုတ်။ထနောင်းပြောသမျှစကားတိုင်းကို“ဟုတ်ကဲ့…ဟုတ်ကဲ့”နဲ့တစ်ခွန်းမကျန်ပြန်ပြောသည်။

ထနောင်းဖုန်းချသွားတော့အောင်သီဟလေပူ
တွေဖူးခနဲ့မှုတ်ထုတ်လိုက်သည်။အောင်စုနဲ့ပတ်သတ်ပြီးသူအလေးထားရမဲ့သူတွေထဲမှာဘိုးဘိုးဒေါနပြီးရင်နောင်းနောင်းကအဓိကဆိုတာသူမေ့သွားခဲ့တာပဲ။အောင်သီဟဧည့်ခန်းထဲပြန်မဝင်သေးဘဲတံခါးဝကနေအောင်စုနဲ့သူ့ဦးလေးကိုကြည့်နေမိသည်။

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Where stories live. Discover now