အခန်း(၄၃)

5K 420 1
                                    

အောင်စုအဝတ်လဲပြီးသွားတော့အောင်သီဟနားပြန်ရောက်လာသည်။အောင်သီဟကအောင်စုကိုခုတင်ပေါ်အိပ်ခိုင်းပြီးသူလည်းအနားမှာ
ဝင်လှဲသည်။ခြေရင်းမှာရှိနေတဲ့အဝါရောင်မွှေးပွစောင်ထူကြီးကိုနှစ်ယောက်လုံးပေါ်ဆွဲခြုံလိုက်
သည်။ပြီးတော့ aircon remote ကိုယူပြီးအခန်းအပူချိန်ကိုလျှော့လိုက်သည်။

အခန်းကအေးနေမှသူစုလေးကိုဖက်ထားလို့ရ
မှာပေါ့။သူကဖြောင့်မတ်တဲ့လူတစ်ယောက်မို့
မကောက်ကျစ်တတ်ပါဘူး။ဉာဏ်ကိုလွှာသုံးလိုက်ရုံပါ။

နှစ်ယောက်သားခုတင်ပေါ်မှာပက်လက်လေး
တွေအတွေးကိုယ်စီနဲ့အသံတိတ်နေကြသည်။အောင်စုငြိမ်သွားတာတော်တော်ကြာတော့အောင်စုအိပ်နေပြီဟုအောင်သီဟထင်လိုက်မိသည်။
စုလေးဘက်ကိုသူလှည့်အိပ်သည်။စုလေးကသူ့ကိုကျောပေးပြီးတစ်ဖက်ကိုလှည့်သွားသည်။

ဘာလဲ…ဒီကလေးမအိပ်သေးဘူးလား။တော်
တော်လေးကြာတော့အောင်စုဆီကသက်ပြင်းလေးခိုးချနေတာကိုကြားရသည်။ဒီတစ်ခါတော့သူမနေနိုင်တော့ဘူး။ခုတင်ပေါ်လက်ထောက်ပြီးစုလေးကိုခေါင်းထောင်ကြည့်လိုက်သည်။စုလေးကမျက်လုံးတွေကိုဇွတ်မှိတ်ဖို့ကြိုးစားနေသည်။
မျက်ခွံလေးတွေတလှုပ်လှုပ်နဲ့။

“စုလေး…စုလေး”

“ဟင်"

“အိပ်မပျော်ဘူးလား"

“အင်း”

“အိပ်ယာအပြောင်းအလဲကြောင့်ထင်တယ်။ကို
ကြီးဘက်လှည့်…ကိုကြီးချော့သိပ်မယ်"

“ချော့သိပ်ရအောင်ကျွန်တော်က ကလေးလည်းမဟုတ်ဘဲနဲ့"

“ကိုကြီးအတွက်တော့ကလေးပဲ"

အောင်သီဟကအောင်စုကိုသူ့ဘက်ဆွဲလှည့်ပြီးသူ့လက်မောင်းပေါ်ခေါင်းအုံးခိုင်းသည်။

“စုလေးကိုပုံပြင်ပြောပြရမလား"

“ကိုကြီးကပုံပြင်ပြောတတ်လို့လား"

အောင်သီဟမျက်နှာကြီးမအီမလည်ဖြစ်သွားရသည်။ဒီကလေးငါ့ကိုအထင်ကြီးလှချည်လား။

“အဲဒါဆိုသီချင်းဆိုပြမယ်လေ"

“သီချင်းကောဆိုတတ်လို့လား”

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Where stories live. Discover now