အခန်း(၉၉)

4.2K 323 13
                                    

ဒီနေ့ဆယ်တန်းတွေအောင်စာရင်းထွက်တဲ့နေ့။
အောင်စုဆယ်တန်းအောင်ပါသည်။သင်္ချာနဲ့ဆယ်တန်းကိုနှစ်နှစ်ဆက်တိုက်ကျခဲ့တဲ့အာင်စုကဆယ်တန်းတတိယနှစ်မှာသင်္ချာဂုဏ်ထူးနဲ့အောင်သည်တဲ့လေ။

ထနောင်းအပါအဝင်တစ်မျိုးလုံးအံ့သြရသည်။အောင်စုလိုစာကိုစိတ်မဝင်စားခဲ့တဲ့အဖျင်းအတာ
လေးကဆယ်တန်းကိုဂုဏ်ထူးနဲ့အောင်သည်ဆို
တော့အောင်စုကိုမချီးမွမ်းဘဲသင်ပေးတဲ့ဆရာကိုချီးမွမ်းကြသည်။

စုလေးကိုချော့တစ်ခါခြောက်တစ်လှည့်နဲ့အချိန်
ရော၊ငွေရော၊လူရောပေးဆပ်ပြီးစာသင်ပေးခဲ့တဲ့အောင်သီဟ…အခုတော့ပင်ပန်းခံရကျိုးနပ်ခဲ့ပါပြီ။

အောင်စုဆယ်တန်းအောင်တော့ကိုကြီးကိုစိတ်
နဲ့မှန်းပြီးကန်တော့လိုက်သည်။ကိုကြီးကသူ့ကိုအဆက်အသွယ်မလုပ်ဖို့မှာခဲ့တာမို့သူကိုကြီးကိုဖုန်းဆက်ပြီးပြောဖို့မကြိုးစားခဲ့ပေ။ဒါပေမဲ့သူအောင်စာရင်းထွက်တဲ့နေ့မှာပဲသူ့အိမ်ကိုမနေခြည်ရောက်လာခဲ့သည်။အောင်စုအံ့သြမိသည်။

“မမဒီကိုဘယ်လိုရောက်လာတာလဲ"

“ကိုသီဟကမင်းအတွက်ဂုဏ်ပြုလက်ဆောင်ပို့
ခိုင်းလိုက်လို့"

“ဗျာ"

“မင်းဆယ်တန်းအောင်တယ်ဆို…ဝမ်းသာပါ
တယ်မောင်လေး"

“ကိုကြီးရောနေကောင်းလား"

“ကောင်းမှာပါ။သူကဒီမှာမရှိဘူးလေ။ကနေဒါမှာ"

“သြော်ဟုတ်ကဲ့"

“မမကိုစုလေးဆီလက်ဆောင်ပို့ခိုင်းတာ။ကိုဇမ္ဗူ နဲ့ထည့်ပေးရင်ရပေမဲ့မမကမောင်လေးတို့ရွာကို
ရောက်ဖူးချင်လို့လူကိုယ်တိုင်လာခဲ့တာပါ။ပြီးတော့မင်းကိုလည်းတွေ့ချင်လို့…ခြေထောက်က
ပြန်ကောင်းသွားပြီနော်"

“ဟုတ်ကဲ့ကောင်းသွားပါပြီ…စတီးချောင်းတော့
ပြန်မထုတ်ရသေးဘူး"

“အင်း…ဒီမှာကိုသီဟပေးလိုက်တဲ့လက်ဆောင်"

အောင်သီဟပေးလိုက်တဲ့ဘူးလေးကိုယူပြီးအောင်စုဖွင့်ကြည့်လိုက်သည်။နာရီလေးတစ်လုံးပဲ။ဒီနာရီလေးကဈေးနှုံးကပ်မထားတော့မြန်မာငွေသိန်းတစ်ရာမကတန်တယ်ဆိုတာအောင်စုဘယ်တော့မှသိမှာမဟုတ်ပါဘူး။သူသိတာကဒါကို
ကြီးသီဟပေးလိုက်တဲ့လက်ဆောင်မို့သူတန်ဖိုးထားရမည်။အောင်စုနာရီလေးကိုသူ့လက်မှာအ
မြတ်တနိုးပတ်လိုက်သည်။မနေခြည်က-

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Where stories live. Discover now