အခန်း(၇၀)

3.6K 304 17
                                    

ညနေလေးနာရီ-

ထနောင်းခတ္တာလေးကိုကျောင်းကြို ပြီးပြန်လာချိန်တွင်ဇမ္ဗူ လည်းမန္တလေးကပြန်လာသည်။အိမ်ဝိုင်းထဲကိုကားနှစ်စီးဝင်လာသည်။ဇမ္ဗူ ကရှေ့ကကားထဲကထွက်လာပြီးနောက်ကကားရဲ့တံခါးကိုသွားဖွင့်ပေးသည်။

ကားထဲကဦးထက်ရှားထွက်လာသည်။ထနောင်းကဦးထက်ရှားလာမယ်ဆိုတာကြိုသိပြီးသားမို့အံ့သြခြင်းမဖြစ်မိပေ။ဦးထက်ရှားကအသက်
ခြောက်ဆယ်အရွယ်ဆိုပေမဲ့ဥပဓိရုပ်ကခန့်ခန့်
ညားညားနှင့်အရွယ်တင်နုပျိုနေတုန်းပင်။သား
ဖြစ်သူဇမ္ဗူ နဲ့ရုပ်ချင်းဆင်သည်။

ဇမ္ဗူ အရပ်ရှည်ပြီးခန္ဓာကိုယ်တောင့်တင်းနေတာသူ့အဖေဆီကအမွေရထားတာပဲ။အဖေချောတော့သားချောသည်။မြေးအထိပါလိုက်ချောသည်။ခတ္တာလေးကသူ့အဖေမြင့်မိုရ်နဲ့သူ့အမေကံ့
ကော်ဆီကအချောတွေအကုန်စုနေတဲ့လူချော
လေး။

ဦးထက်ရှားကကားပေါ်ကဆင်းဆင်းချင်းသူ့မြေးကိုအူယားဖားယားနဲ့ပြေးပွေ့သည်။

“ငါ့မြေးလေးကချောလိုက်တာကွာ။ဘိုးဘိုးမြေးလေးကိုအခုမှပဲလူကိုယ်တိုင်တွေ့ရတော့တယ်"

ခတ္တာလေးကသူ့အဖိုးကိုဖုန်းထဲမှာမြင်နေကျ၊
စကားပြောနေကျမို့အစိမ်းသက်သက်ကြီးဖြစ်
မနေ။ဇမ္ဗူ က-

“အသက်…အဖေ့ကိုဘိုးဘိုးဒေါနဆီလိုက်ပို့ရ
အောင်။အဖေကဘိုးဘိုးအတွက်လက်ဆောင်
တွေဝယ်လာတယ်"

“အင်းသွားကြတာပေါ့"

ထနောင်းကဇမ္ဗူ့ ကားထဲဝင်ထိုင်လိုက်သည်။ခတ္တာလေးကတော့သူ့အဖိုးကားနဲ့ပါသွားသည်။ကားမောင်းတဲ့သူတွေကစိုင်းကျော်နဲ့ဖားလေးဆိုတော့လမ်းပြောပေးစရာမလို။ဘိုးဘိုးဒေါန
အိမ်တန်းရောက်သည်။ဘိုးဘိုးဒေါနကလည်း
ဇမ္ဗူ့ အဖေလာတွေ့မယ်ပြောထားတာကြောင့်အိမ်ကနေအဆင်သင့်စောင့်နေသည်။

ဦးထက်ရှားကားပေါ်ကဆင်းလာတော့စိုင်းကျော်နဲ့ဖားလေးကဘိုးဘိုးဒေါနအတွက်ဝယ်လာတဲ့လက်ဆောင်ပစ္စည်းတွေကိုကားနောက်ခန်းကနေထုတ်ကြသည်။ဦးထက်ရှားကဇမ္ဗူ့ အဖေပီသသည်။သူ့မြေးခတ္တာကိုလိုချင်ရင်ဘယ်သူ့
ကိုအညှာကိုင်ရမယ်ဆိုတာသိသည်။

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Where stories live. Discover now