အခန်း(၅၈)

3.7K 329 4
                                    

“မောင်လေး…"

“ဗျာ"

“သူဌေးကြီးကသူ့တူရဲ့မျိုးဆက်ကိုရဖို့အတွက်
မိန်းကလေးတစ်ယောက်နဲ့အိမ်ထောင်ချပေးချင်နေတယ်။မမနဲ့ကိုသီဟကိုကြင်ဘက်တွေ့ပေးချင်တယ်လို့ဖေဖေ့ကိုပြောနေတယ်။မမဘာလို့ဒီအကြောင်းတွေဖွင့်ပြောနေတာလဲသိလား"

“ဟင့်အင်း…မသိဘူး”

“မမကိုယ်တိုင်ကလိင်တူချစ်သူရှိတဲ့သူမို့မမချစ်
သူကိုမစွန့်လွှတ်နိုင်သလိုမင်းတို့အတွဲကိုလည်းမကွဲစေချင်ဘူး။ဒီတော့မင်းကိုသူဌေးကြီးကလက်ခံပေးစေချင်တာမမရဲ့စိတ်ရင်းပါ"

အောင်စုမနေခြည်ကိုအထင်ကြီးလေးစားတဲ့အ
ကြည့်တွေနဲ့ကြည့်မိသည်။အခုမှတွေ့ဖူးတဲ့ဒီအမကိုသူမြင်မြင်ချင်းခင်မင်လေးစားမိသည်။

“ပြီးတော့လေ…လက်တွေ့ဘဝဆိုတာစိတ်ကူးယဉ်ဘဝလောက်မလှပဘူး။မချောမွေ့ဘူးမောင်လေး။မင်းကကိုသီဟမင်းကိုတကယ်ချစ်တယ်လို့ယုံကြည်တယ်ဆိုရင်မင်းဘက်ကကိုသီဟအတွက်ဘာတွေပြန်လုပ်ပေးနိုင်လဲ။ကိုသီဟဘက်ကအနေအထားကတော့မင်းလိုချင်တာဘာမဆိုဖြည့်ဆည်းပေးနိုင်တယ်။မင်းဘက်ကကော"

အောင်စုအသံတိတ်နေမိသည်။

“ကိုသီဟလိုချမ်းသာတဲ့လူတစ်ယောက်ကငွေ
ကြေးစည်းစိမ်ဥစ္စာဘာမှထပ်မလိုအပ်ဘူး။သူလိုအပ်နေမှာကပြီးပြည့်စုံတဲ့မိသားစုဘဝပဲ။မိသား
စုဘဝဆိုတာမင်းသိမှာပါ။အိမ်ထောင်တစ်ခုကိုထူထောင်လိုက်ပြီဆိုရင်သားသမီးဆိုတာရှိဖို့လိုတယ်။သူတို့လိုလူကုန်ထံအသိုင်းအဝိုင်းအတွက်အဓိကလိုအပ်ချက်ကမျိုးဆက်ပဲ။မင်းသူ့အတွက်ကလေးမွေးပေးနိုင်လား"

အောင်စုမျက်နှာလေးနီရဲတွတ်သွားရသည်။သူကယောက်ျားလေးလေ။ဘယ်လိုလုပ်ပြီးကလေးမွေးပေးနိုင်မှာလဲ။

“ဟုတ်ပြီ…ဒီကိစ္စကမင်းမဖြစ်နိုင်ဘူးဆိုရင်ထားလိုက်တော့။တခြားဟာပြောင်းပြီးစဉ်းစားကြည့်ရအောင်။ကိုသီဟတို့ရဲ့နဝရတ်ကျောက်မျက်ရ
တနာကုမ္ပဏီကဈေးကွက်ကျယ်ပြန့်သလိုဝန်ထမ်းတွေလည်းအများကြီးပဲ။ကျောက်မျက်ရတနာလုပ်ငန်းအပြင်တခြားလုပ်ငန်းခွဲတွေလည်းအများကြီးရှိတယ်။

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Where stories live. Discover now