အခန်း(၈၇)

3.1K 266 10
                                    

ဇမ္ဗူ ကသူ့အကိုရဲ့ဘဝမှန်ကိုဖော်ထုတ်ပြီးတဲ့နောက်မှာနောက်ထပ်တစ်ဆင့်တက်ဖို့ကြိုးစားသည်။အလှူတုန်းကရိုက်ထားသည့်မိသားစုဓာတ်ပုံကိုသူ့အကောင့်မှာတင်လိုက်သည်။ပျော်စရာမိသားစုလေးဆိုပြီးရေးထားသည်။

ဦးထက်ရှားနဲ့ကြီးထွေးကခတ္တာလေးကိုအလယ်
မှာထားပြီးထိုင်ခုံနဲ့ထိုင်နေသည်။ဇမ္ဗူ နဲ့ထနောင်းကနောက်ကနေမတ်တပ်ရပ်နေကြသည်။ထိုဓာတ်ပုံကစီးပွားရေးလောကတွင်ဂယက်ထသွားသည်။

ရှား group ရဲ့ဥက္ကဌကြီးကနောက်အိမ်ထောင်
များပြုလိုက်လေသလား။ဓာတ်ပုံထဲက ကလေးကဘယ်သူမွေးထားတာလဲ။ခတ္တာလေးကအဖေတူသားမို့ဦးထက်ရှားနဲ့ပါရုပ်ချင်းဆင်သည်။ဦး
ထက်ရှားရဲ့သားအကြီးမြင့်မိုရ်ကကိုယ်တစ်ပိုင်း
သေနေသည်။သားအငယ်ဇမ္ဗူ ကအခုထိအိမ်ထောင်မရှိ။ဒါဆိုကလေးကဘယ်က ကလေးလဲ။

ကြီးထွေးကိုလည်းဘယ်သူမှမသိကြလေတော့
ကြီးထွေးက second wife လား၊ကလေးအမေလား။ကလေးက(၄-၅)နှစ်သားအရွယ်ဆိုတော့ဦးထက်ရှားကသူဌေးကတော်မဆုံးခင်ကတည်းကတိတ်တိတ်ပုန်းလား။ကြီးထွေးနဲ့ရုပ်ချင်းဆင်
နေတဲ့ထနောင်းကိုလည်းမယားပါသားလေးလား…စသည်ဖြင့်လိုင်းပေါ်တွင်ဂယက်ထနေ
သည်။

ထိုဂယက်ကဦးထက်ရှားဆီရောက်သွားတော့ဦးထက်ရှားပါမျက်လုံးပြူးရသည်။ရင်းနှီးတဲ့မိတ်ဆွေတွေကဖုန်းတဂွမ်ဂွမ်ဆက်၊ရှယ်ယာရှင်တွေကမေးခွန်းထုတ်နဲ့ဓာတ်ပုံတစ်ပုံကြောင့်သတင်းစာရှင်းလင်းပွဲလုပ်ရတော့မည့်ပုံ။

တကယ်တော့ဇမ္ဗူ ကတမင်ညစ်ပြီးသူ့သူငယ်ချင်းသတင်းထောက်ကိုမီဒီယာကနေတဆင့်ဖွခိုင်းလိုက်ခြင်းဖြစ်သည်။ခတ္တာလေးဆံချနေတဲ့ပုံပါပါသွားတာကြောင့်အထင်လွဲမှုတွေကပိုပြီးခိုင်မာသွားသည်။ဇမ္ဗူ ကတော့သူဘာမှမသိသလိုလိုဘာလိုလိုနဲ့-

“အဖေရယ်…သားလည်းမိသားစုဓာတ်ပုံလေးကိုသဘောကျလို့တင်လိုက်မိတာပါ။ဒီလိုတွေဖြစ်လာလိမ့်မယ်လို့သားလည်းမသိဘူးလေ"

“ငါ့မှာမဟုတ်ဘူးပြောလည်းမရ။ကလေးကမြေးပါလို့ပြောလည်းမရ။ငါ့သားအကြီးကောင်ကမွေးတာပါလို့ပြောလည်းမယုံ။ဘယ်ကတည်းကဖွက်
ထားတာလည်းမေးတဲ့သူနဲ့၊ကြိတ်ပုန်းလေးလား
မေးတဲ့သူနဲ့၊လုံအောင်သိမ်းနိုင်တယ်နော်လို့
ပြောတဲ့သူနဲ့…"

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Where stories live. Discover now