Intro

31.8K 1.2K 107
                                    


<Unicode>
"လမ်းခွဲရအောင်"

"ဟင် နွယ်မနောက်ပါနဲ့"

"နွယ်အတည်ပြောနေတာ နွယ့်မှာချစ်သူအသစ်ရှိ‌နေပီ သူကပိုက်ဆံလဲရှိတယ် နွယ်လိုချင်တာအားလုံးဖြည့်ဆည်းပေးနိုင်တယ်"

"ဒါပေ..."

"ဘေဘီ လာတော့လေကွာ"

"လာပီကိုကို နွယ်သွားတော့မယ်ရှိုင်း ကိုကိုက နွယ်လိုချင်နေတဲ့အိတ်လေးလိုက်၀ယ်ပေးမလို့တဲ့ အဟက်"

"နွယ် နွယ်"

*အော် မိန်းမတေများမျက်နှာကြီးရာဟင်းဖက်ပါနေကြတယ်*

ရှိုင်းသုတလဲစိတ်ပျက်စွာနဲ့ပြန်အလှည့်..

ကျီ..ဒုန်းး

"အ!"

*အော် ငါ့နှယ့်နော် ကံဆိုးထီးသွားရာမိုးလိုက်လို့ရွာသလိုပါပဲလား*

တီ...တီ...တီ

(Systemနယ်မြေကနေကြိုဆိုပါတယ်)

(ဟင် ငါဘယ်လောက်ရောက်နေတာလဲ မင်းကဘာလေးလဲ)

(Hello host)

(Host? ငါဘယ်‌ရောက်နေတာလဲ ငါသေသွားပီလား)

(ဘယ်ရောက်နေတာလဲဆိုတော့ system spaceထဲမှာပါ သေပီလားဆိုတော့ ဟုတ်ကဲ့သေသွားပါပီ)

(အော် ငါမှတ်မိပီ သဇင်နွယ် ဖလမ နင့်ကြောင့်ငါသေသွားပီ အီးး ဟီးး)

(ဟာ hostမငိုနဲ့လေ တိတ် တိတ်)

(ဗြဲ....)

(မ‌ဗြဲပါနဲ့ hostရယ်တိတ်ပါတော့ ဒီလူရူးနေတာလား ကယ်ကြပါအုံးး)

(ဟင့် မိန်းမတေမကောင်းဘူး ဟင့် တယောက်မှမကောင်းဘူး)

(ဟုတ်တယ်မကောင်းဘူး အဲ့တော့ယောက်ျားတေ‌ကိုပြောင်းကြိုက်လိုက်)

(ဘာ!!)

(လန့်တာhostရယ်ဖြည်းဖြည်းအော်ပါ)

(ငါကအဖြောင့်ကွ)

(ဂျယ်လီပေတံလိုလား)

(မင်း)

(အဟမ်း ကျနော့်ကိုယ်ကျနော်မိတ်ဆက်ပေးပါရစေ ကျနော်ကsystemကတီထွင်ထားတဲ့system 528ပါ)

(ဟင် မင်းကမေတ္တာရှင်‌လား)

(မေတ္တာရှင်ရယ်တော့မဟုတ်ပါဘူး ယုံကြည်ရင်ချစ်ကြည့်လို့တော့ရတယ် အားးးစ်)

System Pue(completed)Where stories live. Discover now