ရာရာ

12.1K 932 15
                                    

<Unicode>
"အချက်ပြတာနဲ့စပစ်တော့ကြားလား"

"ဟုတ်ခေါင်းဆောင်"

ရာရာတို့တံတားပေါ်တက်လာသည်အထိ zombie တေမမြင်သေးပေ။အလင်းရောင်ဆိုလို့တံတားအလယ်ကဓာတ်တိုင်မီးတစ်ခုသာရှိသည်။

"အခု!"

ဒိုင်း ဒိုင်း

မတ်တိုကအချက်ပြလိုက်တာနဲ့တပ်သားများကစတင်ပစ်တော့သည်။zombieတေကလမ်းပေါ်မှာတင်မဟုပဲထင်တဲ့အတိုင်းကားပျက်တေထဲမှာရှိနေသည်။သေနတ်သံကြောင့်ကားထဲက zombieတေပါထွက်လာပီးတိုက်ခိုက်ကြတော့သည်။ zombieတေကတဖြည်းဖြည်းနီးလာတာကြောင့်သေနတ်နဲ့ပစ်ဖို့အဆင်မပြေတော့တာကြောင့်လက်ဖြင့်သာတိုက်ခိုက်ရတော့သည်။

"Zသူတို့တေကိုလုံခြုံအောင်ကာကွယ်!"

ရာရာလဲပါလာတဲ့ဘေ့စ်ဘောတုတ်ကိုထုတ်ကာဝိုင်းကူညီပေးသည်။

"အားးငါ့ဆီလာတေပီ ကယ်ပါအုံး အားး ဟိုမှာလာနေပီ"

(ချီး ဇာတ်လိုက်မကအသားကုန်အော်နေမှတော့ zombieတကိုမျှားခေါ်နေသလိုဖြစ်နေပီ)

"အားးး ဘာလုပ်နေတာလဲ လာနေပီလေ ငါ့ကိုကယ်အုံး ငါ့ကိုကိုက်တော့မယ်!"

"ဟာ အော်မနေနဲ့ zombieတေကအသံကြားတဲ့ဘက်ပဲလိုက်တာ မင်း အော်တာနဲ့ငါတို့ဆီပဲလာနေတော့မယ်"

"အားး ငါ့ကိုကယ် ဟိုမှာလာနေပီ!"

"ချီးပဲ"

ရာရာရှေ့ကလာနေတဲ့ zombieနှစ်ကောင်ကိုတုတ်နဲ့လွှဲရိုက်လိုက်သည်။တဖြည်းဖြည်းအရည်တွက်ကများလာတာကြောင့်အခက်တွေ့တော့သည်။

"မတ်တို ဒီတိုင်းတိုက်ခိုက်နေရင်အားလုံးသေကုန်လိမ့်မယ် ပုန်းခိုလို့ရမဲ့နေရာရှာမှရမယ်!"

ရာရာအလျှင်မြန်ရှာလိုက်တော့မိသားစုကားတစ်စီးကိုတွေ့လိုက်တာ‌ကြောင့်အနားသွားကာအဆင်ပြေမပြေစစ်လိုက်သည်။မှန်တေလဲကွဲမထားတဲ့အပြင်နေရာလဲကျယ်တာမို့အားလုံး၀င်လို့အဆင်ပြေသည်။

"အားလုံး! ဒီကားပေါ်အမြန်တက်!"

"ဖယ်! ငါအရင်တက်မယ် ဘေးဖယ်"

System Pue(completed)Where stories live. Discover now