ဟန်ဆောင်း

13.8K 1K 1
                                    

<Unicode>
ဒုန်း ဒုန်း

"ဟန်ဆောင်းတံခါးဖွင့်စမ်း!"

ဒုန်း ဒုန်း

"အင်းး သူများအိပ်နေပါတယ်ဆို အလိုက်
ကန်းဇိုးမသိအော်နေတယ်"

ဒုန်းး

"ဟန်ဆောင်း အခုဖွင့်ရင်မင်းသက်သာမယ်နော် ဖွင့်စမ်း!"

"ကျစ် အိပ်ကောင်းခြင်းလဲမအိပ်ရ"

ကျွီ

"ဘာလဲပြော"

"မင်းဒါ‌ဘာစောက်ချိုးချိုးတာလဲ ဟမ်  ခုထိအိပ်နေတယ် ငါ့အတွက်မနက်စာလဲမပြင်ရသေးဘူး ဘယ်လင်ငယ်အားကိုးနဲ့စောက်ချိုးတေပြောင်းနေတာလဲဟမ်!!"

"ငါ့ဘာသာအိပ်တာမင်းအပူလား မနက်စာကိုကိုယ့်ဘာသာပြင်မစားနိုင်ရအောင်မင်းလက်ကနူနေလို့လား"

"ဘာ!!"

လက်တဖက်ကမြင့်တက်သွားကာသူ့အားရိုက်ဖို့ရွယ်လာတာကြောင့်အမြန်ပင်ဖမ်းဆွဲလိုက်ကာဦးအောင်ဆွဲထိုးလိုက်သည်။

ခွပ်

"မှတ်ပလား တစ်ခါပဲရမယ်"

"မင်း သတ္တိတေသိပ်ကောင်းနေတယ်ပေါ့လေ ဘာလဲ ခါးပတ်စာမစားရသေးလို့ထင်တယ်"

ထိုသို့ပြောကာခါးပတ်ကိုဆွဲချွတ်နေတာကြောင့်အသင့်အနေထားပြောင်းလိုက်သည်။

"လာစမ်း"

ရွယ်လာတဲ့လက်ကိုရှောင်လိုက်ပီးဗိုက်ကိုဒူးဖြင့်အားပြင်းပြင်းနဲ့တိုက်ချလိုက်တာမို့ဂျောင်ဟွမ်းဟာ‌ကြမ်းပြင်ပေါ်ကွေးကွေးလေးလဲကျသွားသည်။ထိုတော့မှဘေးတွင်ကျနေတဲ့ခါးပတ်ကိုကုန်းကောက်လိုက်ပီး...

ဖြန်းး ဖြန်းး

"အ့ ‌ဟန်ဆောင်း မင်း အား!"

ဖြန်းး ဖြန်းး ဖြန်းး

"ဘယ်လိုလဲကောင်းလား မင်းခါးပတ်ကိုအရသာမှတွေ့ရဲ့လားဟမ်"

"ရပ်စမ်း အ့ အခုချက်ချင်း!!"

"နာလား ဟမ် နာလား ငြိမ်ခံနေတိုင်းအကောင်းမှတ်မနေနဲ့ မင်းနေါတိုင်းရိုက်နေကြခါးပတ်နဲ့ပြန်အရိုက်ခံရတာ ဘယ်လိုလဲ အရသာရှိရဲ့လား ဟမ်"

System Pue(completed)Where stories live. Discover now