ဟန်ဆောင်း(end)

13.8K 1K 24
                                    

<Unicode>
ဟန်ဆောင်းထိုကုမ္မဏီမှာအလုပ်၀င်လုပ်တာအခုဆို၁ပတ်ရှိပီ။အလုပ်၀င်လုပ်တယ်သာဆိုတယ်ဘာမှလဲဟုတ်တိပတ်တိမလုပ်ရပေ။ထယ်ယောင်းကအမြဲသူ့အနားပဲခေါ်ထားတတ်သည်။တခါတလေဆိုတနေကုန်ဘာမှမလုပ်ခိုင်းပဲသူ့အနားတွင်ငုတ်တုတ်ထိုင်ခိုင်းထားသည်။အခုလဲသူကလက်ပ်တော့တစ်လုံးဖြင့်အလုပ်ရှုပ်နေပီးသူ့ကိုဘေးနားမှာထိုင်ခိုင်းထားသည်။

(ပူး ဇာတ်လိုက်ဘာလုပ်နေလဲ)

(ဇာတ်လိုက်မနဲ့ကြည်နူး)

(အယ် တွေ့သွားကြပီလား)

(Hostအိမ်ပေါ်ကဆင်းပီးနောက်ရက်မှာပဲဇာတ်လိုက်မကသူ့ဆီသွားပီးနှိမ့်သိမ့်တာတညထဲနဲ့ကုတင်ပေါ်ရောက်သွားရောပဲ)

(ဟွန်းးဘာကြီးမှန်းမသိဘူး)

ဟန်ဆောင်းကပူးနဲ့စကားပြောရင်းနှုတ်ခမ်းစူလိုက်မျက်မှောင်ကျုံ့လိုက်လုပ်နေတာကိုထယ်ယောင်းကတွေ့သွားပီးသူအလုပ်လုပ်တာကြာလို့စိတ်‌ဆိုးတယ်ထင်ပီးလက်ထဲကလက်ပ်တော့ကိုစားပွဲပေါ်ပစ်ချကာချက်ချင်းသူ့အနားပြေးသွားတော့သည်။

"ကိုယ်ပီးပီ ပျင်းနေတာလားဟင် ပေါက်စီလေး"

အလုပ်၀င်တဲ့တပတ်အတွင်းသိသာလာတာကထယ်ယောင်းဟာအရင်ကမ္ဘာကမြတ်မင်းနဲ့အရမ်းတူသည်။ရုပ်ရည်သာကွဲပီးတော့သူ့ကိုဆက်ဆံပုံနဲ့တဇွတ်ထိုးလုပ်ပုံကချွတ်စွတ်ကိုတူနေသည်။အထူးသဖြင့်သူ့ကိုပေါက်စီလေးလို့ခေါ်တာပင်။ပူးပြောသလိုအရင်ကမ္ဘာကအဖြေမရလိုက်လို့ဒီအထိလိုက်တာတယ်ဟုသံသယပင်၀င်လာသည်။

"ပေါက်စီလေး ကိုယ့်ကိုစိတ်ဆိုးနေတာလား ကိုယ်တောင်းပန်ပါတယ်ကွာ ညနေကျရင်အစည်းဝေးကရှိနေလို့အမှီပီးအောင်လုပ်နေတာပါ"

"ကျနော်ကဘာပြောမိလို့လဲခဗျားရယ် စိတ်ဆိုးရအောင်လဲခဗျားနဲ့ကျနော်ကအလုပ်ရှင်နဲ့အလုပ်သမားဆက်ဆံရေးလေ"

"အဲ့လိုမပြောပါနဲ့ ကိုယ်၀မ်းနည်းတယ် ကိုယ်ပြောရင်ပေါက်စီလေးစိတ်ဆိုးသွားမှာဆိုးလို့သာသည်းခံနေတာ ကိုယ်မင်းကိုချစ်မိသွားတာစတွေ့ထဲကပဲ"

"အမ်"

"ဟုတ်တယ် အခုမှတော့မထူးတော့ဘူး ကိုယ်မင်းကိုချစ်တယ် ကိုယ့်အချစ်ကိုလက်ခံပေးပါ‌"

System Pue(completed)Where stories live. Discover now