နွေဦး

10.5K 836 4
                                    

<Unicode>
"ဟို ကိုသူရိန် အခုလောလောဆယ်နေစရာမစီစဉ်ရသေးရင်နွယ်တို့အိမ်မှာလာတည်းလေ အဖေလဲအဖော်ရတာပေါ့ အဟင်းဟင်း"

"အမလေးနော် ဒီပုရွက်ဆိတ်ကတော်တော်လင်လိုချင်နေတာပဲ မြူစွယ်နေလိုက်တာများ"

"ဟဲ့အခြောက်ကောင်နင်ဘယ်သူ့ကိုပြောတာလဲ"

"ဘာလဲ ငါ့ဘာသာဒီပုရွက်ဆိတ်အုံကရွထနေတဲ့ပုရွက်ဆိတ်မကိုပြောနေတာ နင်ကဘာထဖြစ်တာလဲ"

သူရိန်ထိုကောင်လေးကိုကြည့်လိုက်တော့သေးသေးညှပ်ညှပ်လေးဖြင့်အသားကလဲ၀င်းနေသည်။တခြားသူတေလိုဖြူဖက်နေတာမျိုးမဟုတ်ပဲ၀င်းဝါနေတဲ့အသားရည်လေးဟာမိန်းကလေးထက်ပင်နူးညံ့နေသယောင်။သူ့အကြည့်ကအောက်ပိုင်းဆီရောက်သွားတောမျက်မှောင်ကြုံ့လိုက်မိသည်။ဖြူနုနေတဲ့ခြေထောက်လေးမှာထိပ်တုံးခတ်ခံထားရပီးရဲတောင်ရဲနေပီဖြစ်သည်။

*ခြေထောက်တေကျင်နေတော့မှာပဲကွာ*

"သူကဘယ်သူလဲ"

"သူကနွေဦးတဲ့ ဒီရွာကရွာသား ယောက်ျားလေးတန်မဲ့နွဲ့နေတာလေ"

"ကျုပ်ကသူဘယ်သူလဲပဲမေးတာမလိုတာတေမဖြေနဲ့!"

သူရိန်စကားကြောင့်သူကြီးမှာကွက်ကနဲမျက်နှာပျက်သွားသည်။

"နေပါအုံး သူကဘာလို့ထိပ်တုံးအခတ်ခံထားရတာလဲ"

"အဲ့ဒါကလေ သူကအနွယ့်အဖေကိုမလေးမစားဆက်ဆံတယ်လေ အဲ့ဒါကြောင့်မှတ်လောက်သားလောက်ဖြစ်အောင်ဆုံးမထားတာ"

"‌ဆိုတော့ ဘာပြစ်မှုမှမရှိပဲထိပ်တုံးခတ်ထားတာပေါ့"

"ဘာလို့မရှိရမှာလဲ အ‌ဖေ့ကိုမလေးမစားဆက်ဆံတာအပြစ်ရှိတာပေါ့"

"မလေးစားဘူးဆိုတာ လေးစားစရာမကောင်းလို့ပဲ မင်းအဖေသာတကယ်လေးစားဖို့ကောင်းတယ်ဆိုရင်သူ့ကိုယဉ်‌ကျေးအောင်ကိုယ့်တူလိုသားလို့ဆုံးမပီးပြန်လွှတ်ပေးမှာ ခုလိုခတ်တုံးခတ်မှာမဟုဘူး

"အဲ့ အဲ့တာက ဟို.."

"သူ့ကိုလွှတ်ပေးလိုက်"

"ဟုတ် ဟုတ်ကဲ့ပါမြို့စားမင်း‌"

(ဇာတ်လိုက်ရဲ့စိတ်၀င်စားမှု 5%)

System Pue(completed)Where stories live. Discover now