နွေဦး

9.8K 814 6
                                    

<Unicode>
"မြို့အုပ်မင်းလေး နေကောင်းရဲ့လားဗျ"

"ကောင်းပါတယ် သူကြီးရယ် ဒါနဲ့ဘာကိစ္စများရှိလို့လဲ"

"မနက်ကျရင်ကျုပ်တို့အိမ်မှာအလှူလုပ်မလို့လေ အဲ့တာမြို့အုပ်မင်းကိုလာခဲ့ဖို့လာဖိတ်တာ"

"အာ ဟုတ်ကဲ့ ကျနော်လာခဲ့ပါ့မယ်"

>>>

"ဒါ၀တ်သွားမှာမလား ပေးကျနော်မီးပူထိုးပေးမယ်"

ရေချိုးပီးထွက်လာတော့သူရိန်ကမီးပူတိုက်ရန်ပြင်နေတာကြောင့်မေးလိုက်သည်။

"လိုက်ခဲ့ပါဆိုကွာ"

"မလိုက်ချင်ပါဘူး လူရှုပ်ရရှုပ်နဲ့ ပီးတော့သူသမီးနဲ့ကျနော်ကလဲတည့်တာမဟုဘူ သူများအလှူမှာထသတ်နေရင်မကောင်းဘူး ခဗျားပဲသွားလိုက်ပါ"

"ကိုယ်တစ်ယောက်ထဲကျတော့.."

"ခဗျားစကားများနေတာနဲ့ နောက်ကျနေမယ်ပေးအင်္ကျီ"

အင်္ကျီကိုမီးပူထိုးပေးလိုက်ကာကမ်းပေးလိုက်သည်။

"အ့"

"ဘာဖြစ်တာလဲ"

"ဆံပင်နဲ့ညှိနေလို့"

"ဖြစ်ရမယ် လာကျနော်လုပ်ပေးမယ်"

နွေဦးကခြေဖျားထောက်ပီးလုပ်ပေးတော့မျက်နှာချင်း‌နီးကပ်သွားလေသည်။

(ဇာတ်လိုက်ရဲ့စိတ်၀င်စားမှု50%)

"ခဗျားဒူးထောက်လိုက်ကျနော်မမှီဘူး"

"အင်း"

သူရိန်ကဒူးထောက်နေတာကြောင့်အပေါ်ပိုင်းမ၀တ်ထားတဲ့နွေဦးရဲ့ဗိုက်ချပ်ချပ်လေးကမျက်နှာရှေ့မှာပင်။ရေစက်လေးများစီးကျနေတဲ့ဗိုက်သားဖြူဖြူလေးကိုကြည့်ပီးစိတ်ထဲအမျိုးအမည်မသိတဲ့ခံစားချက်များ၀င်လာသည်။

*ပေါက်စီနဲ့တူတယ်*

(ဇာတ်လိုက်ရဲ့စိတ်၀င်စားမှု60%)

ခါးထပ်မှနွေးခနဲဖြစ်သွားတာကြောင့်ငုံ့ကြည့်လိုက်တော့သူ့ခါးနှစ်ဖက်ကိုဆုပ်ကိုင်ထာစတဲ့လက်တစ်စုံ။

(ဇာတ်လိုက်ရဲ့စိတ်၀င်စားမှု70%)

"ဟိတ်လူ!"

System Pue(completed)Where stories live. Discover now