ဂျူးသစ္စာ(end)

14.6K 1.1K 73
                                    

<Unicode>
"ဂျူးလေး မနေ့ကအဆင်ရောပြေရဲ့လားဟင်"

"ဟုတ်ပြေပါတယ်"

"ဟိုကောင် ဂျူးလေးကိုအနိုင်ကျင့်နေတာလား"

"အဲ့လိုမဟုတ်ပါဘူး သူကကောင်းပါတယ်"

"ဟုတ်ပါပီ တခုခုဖြစ်ရင်ကိုယ့်ကိုပြောနော်ကိုယ်ကူညီပေးမယ်"

"ဟုတ်"

ဂျူးရဲ့ခေါင်းလေးကိုပုတ်ပေးလိုက်ကာပြုံးလိုက်မိသည်။ခန့်ထည်မနေ့ကဟိုအဖြူကောင်လေးကိုထဲကဂျူးလေးအပေါ်ညီလေးတယောက်လိုသာစောက်ရှောက်ချင်စိတ်ပဲရှိတော့သည်။ထိုကောင်လေးကိုတော့သူတကယ်ပိုင်ဆိုင်ချင်မိတယ်။

"ကိုခန့်"

"ဟင် အင်း"

"ဘာတေတွေးနေတာလဲဗျ"

"ဒီတိုင်းပါပဲ ဂျူးလေးအတန်းပြန်တက်ရအုံးမှာမလား"

"ဟုတ်တစ်ချိန်ကျန်သေးတယ်"

"ဒါဆိုသွားတက်တော့နော် ကိုယ်လဲအတန်းထဲပြန်သွား‌တော့မယ်"

"ဟုတ်"

"လိုက်ပို့ပေးရအုံးမလား"

"ရပါတယ်ဗျ ကိုယ့်ဘာသာပဲသွားလိုက်ပါ့မယ်"

ခန့်ထည်အတန်းကိုမသွားခင်သန့်စင်ခန်းကိုအရင်၀င်လိုက်သည်။ထိုအချိန်အခန်းတခုမှငိုသံသဲ့သဲ့လေးကိုကြားလိုက်ရသည်။

"ဘာလဲဟ သရဲခြောက်တာလား မဟုတ်လောက်ပါဘူး လူငိုသံအတိုင်းပါပဲ"

ခန့်ထည်လဲလိုက်ကြည့်လိုက်တော့အသံကပိတ်ထားတဲ့တံခါးနောက်ကဖြစ်နေသည်။

*အထဲမှာဘာများဖြစ်လို့လဲ ငါဖွင့်ကြည့်လိုက်ရမလား တော်ကြာတခုခုဖြစ်နေတာဆိုဘယ်လိုလုပ်မလဲ*

ခန့်ထည်လဲနောက်ဆုံးတော့တံခါးကိုဖွင့်ကြည့်သည်။တံခါးကသော့မပိတ်ထားတာကြောင့်အလွယ်တကူပင်ဖွင့်လိုက်နိုင်သည်။တံခါးပွင့်သွားတာနဲ့တပြိုင်နက်အိမ်သာပေါ်ထိုင်ကာငိုနေတဲ့အဖြူလုံးလေး..

"ဟင် ညီ ဘာဖြစ်တာလဲ"

"ဟင့် ကိုခန့်"

"ဘာဖြစ်လို့ငိုနေတာလဲညီ တခုခုဖြစ်လို့လား"

System Pue(completed)Where stories live. Discover now