ဂျူးသစ္စာ

15.1K 1.1K 27
                                    

<Unicode>
"မြတ် မြတ်မင်း"

"ဂျူး မလန့်ပါနဲ့ ကိုယ်မင်းကိုဘာမှမလုပ်ပါဘူး အခြေနေအရပေါ့"

"တံခါးကဘာလို့ပိတ်လိုက်တာလဲ"

"အော် ကိုယ်တို့အေးဆေးစကားပြောတဲ့အချိန်အနှောက်ယှက်တွေ၀င်လာမှာဆိုးလို့လေ"

"ငါမင်းနဲ့ဘာမှပြောစရာမရှိဘူး ဖယ်ရှေ့က"

မြတ်မင်းကိုကျော်ကာတံခါးဆီသွားပီးလက်ကိုင်ကိုလှည့်ဖွင့်ပေမယ့်မရ။

*သော့ခတ်ထားတယ်*

ဂျူးဟိုကြည့်ဒီကြည့်လုပ်နေတုန်း..

"ဒါကိုရှာနေတာလားဂျူး"

မြတ်မင်းကသော့ကိုဆော့ကစားရင်းမေးလာသည်။

"မြတ်မင်း ဘာလုပ်တာလဲ အခုဖွင့်ပေး"

"နေပါအုံး အရင်စကားပြောကြရအောင်"

"ပြော ပြော မြန်မြန်ပြောပီးမြန်မြန်ဖွင့်"

"လောလိုက်တာ အသက်လေးရဲ့"

"ငါ့နာမည်ဂျူးသစ္စာ အသက်မဟုတ်ဘူး"

"ဟုတ်ပါတယ် မင်းကကိုယ့်ရဲ့အသက်လေးလေးလေ အဲ့လိုခေါ်တာမကြိုက်ရင်ပေါက်စီလေးလို့ခေါ်မယ်"

"ပေါက်ပန်းလေးဆယ်တွေ တော်တော့ ပြောစရာရှိတာပြော"

"ဟုတ်ပီ ကိုယ်နဲ့တွဲရအောင်"

"လာပြန်ပီ ဒီတစ်ခါရောဘာထပ်လောင်းထားတာလဲ"

"ကိုယ်လောင်းကစားလုပ်ထားတာမဟုဘူး တကယ်ပြောနေတာ ကိုယ်နဲ့တွဲပါ"

"မတွဲဘူး အခုရောနောက်ရော ဘယ်တော့မှမတွဲဘူး ငါ့မှာချစ်ရမဲ့သူရှိတယ်"

"ဘာ!! ဘယ်သူလဲ! ဟိုကောင်ခန့်ထည်လား"

"သိရင်လဲဘာလို့မေးနေသေးလဲ"

"မင်းသူနဲ့မတွဲရဘူး!"

"မင်းကိစ္စမဟုတ်ဘူး ငါတွဲချင်တဲ့သူနဲ့တွဲခွင့်ရှိတယ် ပီးတော့သူကငါ့ကိုချစ်တယ် ငါကလဲသူ့ကို အ့"

မြတ်မင်းကဂျူးကိုခုံပေါ်လှဲချလိုက်ကာအပေါ်ကနေအုပ်မိုးလိုက်တော့ချက်ချင်းမျက်နှာလေးဟာရဲတက်လာသည်။မြတ်မင်းအသဲယားကာပါးဖောင်းဖောင်းလေးကိုတချက်ဆွဲလိုက်ပီး....

System Pue(completed)Where stories live. Discover now