ဟယ်လီ

13.2K 967 0
                                    

<Unicode>
ဟယ်လီထမင်းစားခန်းတွင်ကလေးကြီးနှစ်ယောက်ကိုမနက်စာခွံ့နေသည်။

"နေ့လည်စာအတွက်ဘာစားချင်လဲ"

"၀က်စတူး"²

"အဟင်း ဟုတ်ပါပီ"

ထိုအချိန်...

"နေသန်!ရေမန်!"

ဧည့်ခန်းမှမိန်းကလေးတစ်ယောက်ရဲ့အသံကိုကြားလိုက်ရတော့သိလိုက်ပါပီမိကိုရောက်လာပီဆိုတာ။ထိုမိန်းကလေးကထမင်းစားခန်းထဲထိ၀င်လာပီးခုံမှာထိုင်နေတဲ့အမွှာနှစ်ယောက်ကိုတလှည့်စီဖက်ကာနှုတ်ဆက်နေသည်။

"အို နေသန်နဲ့ရေမန်ကိုအရမ်းသတိရနေတာ မီကိုကိုမှတ်မိတယ်မလား"

"ပေါက်စီလေးကော်ဖီသောက်မယ်"N

"ကိုယ်ရောပဲ"R

‌မီကိုကဟယ်လီဘက်ကိုလှည့်ကြည့်ကာနှုတ်ခေါင်းရှုံလိုက်ပီး..

"သူက?"

"ဟုတ်ကဲ့ ဒီအိမ်ရဲ့အိမ်တော်ထိန်းပါဟယ်လီလို့ခေါ်ပါတယ်"

"အော် ဒါဆိုငါ့အတွက်ပါကော်ဖီဖျော်ပေး"

"မင်းမှာလက်မပါဘူးလား"R

"ရေမန် သခင်လေးစာကြည့်ခန်းမျာစောင့်နေပါကျနော်လာပို့ပေးပါ့မယ်"

"အင်းပါ"R

အမွှာနှစ်ယောက်ထွက်သွားမှမီကိုကဟယ်လီအနားလျှောက်လာပီး..

"မင်းကငယ်သေးတယ်နော် သူတို့ကိုလဲကောင်းကောင်းထိန်းနိုင်ပုံပဲ"

"ကျနော်ကသူတို့ရဲ့အိမ်တော်ထိန်းလေကျနော့်စကားနားထောင်တာမထူးဆန်းပါဘူး"

"ဟုတ်တယ် မင်းအိမ်တော်ထိန်း အဲ့အဆင့်ကနေတက်ဖို့မကြိုးစားနဲ့ သူတို့ထဲကတစ်ယောက်ကငါနဲ့မကြာခင်လပ်ထက်ရမှာ"

"ဟုတ်ကဲ့သိပါတယ် သူတို့သာလပ်ထက်မယ်လို့သဘောတူရင်ပေါ့"

"နင်ဘာစကားပြောတာလဲ!"

"အို ဒေါသမကြီးပါနဲ့သခင်လေးတို့ရှေ့မှာအနေထိုင်ဆင်ခြင်ပါသူတို့ဒေါသထွက်ရင်ကျနော်လဲ၀င်ကူညီနိုင်မှာမဟုဘူး"

"ဟက် ကိုယ့်ကိုကိုယ်အထင်ကြီးမနေနဲ့ စိတ်ချနင်ဒီအိမ်ကနေထွက်သွားရအောင်ငါလုပ်ပြမယ်"

System Pue(completed)Where stories live. Discover now