<Unicode>
"ဘာရယ်!""ဒီကလေးကိုတာဝန်ယူပေးပါလို့"
"အော် မကြားလို့ပြန်မေးနေတာမဟုဘူး မင်းကိုလေငါဘာပြောလို့ပြောရမှန်းတောင်မသိတော့ဘူး"
"နွယ့်ကိုကူညီပါနော်"
"မင်းကငါ့ကိုဂျိုတပ်စေချင်တာပေါ့ ဘယ်လိုတောင်မျက်နှာပြောင်တိုက်ပီးပြောနိုင်တာလဲဟမ်"
"ရှိုင်းကြိုက်သလောက်ပြောပါ ပီးရင်နွယ့်ကိုတာဝန်ယူပေးပါနော်"
"ဟ!ဘာလို့အတင်းလာတာဝန်ယူခိုင်းနေတာလဲ မသိတဲ့သူတေကငါ့ကိုတမျိုးထင်နေအုံးမယ် နေပါအုံး အဲ့ဗိုက်ကဘယ်သူနဲ့ရတာလဲ"
"မသိဘူး"
"တော်ပါသေးရဲ့ ဟမ်!ဘာ! ဘယ်သူနဲ့ရမှန်းတောင်မင်းမသိဘူးလား"
"ဟင့်အင်း အဲ့တာကြောင့်နွယ့်ကိုကယ်ပါအုံး"
နွယ်ကကြမ်းပြင်ပေါ်ထိုင်ချပီးရှိုင်းခြေသလုံးကိုဖက်ထားကာအော်ငိုနေတာကြောင့်ဘေးကလူများဟာကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။
"လွှတ် လွှတ်ဆို လုပ်ကြပါအုံး နေအုံးငါကူစဉ်းစားပေးပါ့မယ် လွှတ်ပါအုံး"
"ကူညီပါရှိုင်းရယ် ကလေးကိုလဲနွယ်မဖျက်ချရက်ဘူး ကူညီပါ"
*အော် သဇင်နွယ် တော်ပါသေးရဲ့မိခင်စိတ်တော့ရှိပေလို့သာပေါ့ ငါဘယ်လောက်ပဲမုန်းနေပါစေလေ သူကငါ့အပေါ်ကြီးကြီးမားမားထိခိုက်အောင်မလုပ်ခဲ့ဘူး ပီးတော့ သူ့ကြောင့်သာမဟုရင်ငါလဲကိုကိုနဲ့တွေ့ခဲ့ရမှာမဟုဘူး အသက်နှစ်ချောင်းကိုကယ်ကောင်းပါတယ်လေ*
"အရင်ခုံမှာပြန်ထိုင်ပါအုံးနွယ်ရယ်"
"ဟင့် အင့်"
"မငိုနဲ့တော့ ငါမေးတာမှန်မှန်ဖြေ အဲ့ကိုယ်ဝန်ကခန့်ရာဇာနဲ့ရတာလား"
"မဟုဘူး ကိုယ်ဝန်က3လရှိနေပီကိုခန့်နဲ့တွေ့တာတပတ်တောင်မရှိသေးဘူး ခုလဲပျက်သွားပါပီ"
"ကျစ် ဒါဆိုဘယ်သူဖြစ်မလဲ"
"နွယ်သိတာက လွန်ခဲ့တဲ့သုံးလကနွယ်barတခုမှာသွားသောက်တုန်းလူတစ်ယောက်နဲ့တွေ့ခဲ့တယ်အဲ့လူကနွယ့်ကိုအအေးတခွက်တိုက်တယ် အဲ့တာလဲသောက်ပီးရောနွယ်ဘာမှမသိတော့ဘူး အဲ့နောက်ပိုင်းနွယ်ရှိုင်းနဲ့တွဲတယ်ပီးတော့ကိုခန့် ဒါပဲ"
YOU ARE READING
System Pue(completed)
Fantasy"မိန်းမတွေမကောင်းဘူး!" "ကျွန်တော်နဲ့လက်တွဲလိုက်ပါhost လင်ရစေရမယ်လို့အာမခံတယ်" "မိန်းမတွေမကောင်းဘူး!" "ကျွန်တော်နဲ့လက်တွဲလိုက်ပါhost လင်ရစေရမယ်လို့အာမခံတယ်" Start date_21.2.2022 End date_16.4.2022