ဖန်

13.3K 946 20
                                    

<Unicode>
တီ တီ

Arlanသံကြောင့်နိုးလာတော့မိုးတောင်လင်းနေပီ။ရင်းနှီးတဲ့မွေ့ရာကြောင့်သူ့တိုက်ခန်းကိုပြန်ရောက်နေမှန်းသိလိုက်သည်။
အိပ်ရာမှထပီးရေချိုးခန်းထဲ၀င်ကာသန့်စင်လိုက်သည်။

Ring Ring..

"ဟယ်လို.."

"ဖန် နိုးပီလား ရိုက်ကွင်းရှိတယ်နော် ကိုယ်လာခေါ်မယ် မနက်စာဘာစားမလဲကိုယ်၀ယ်လာခဲ့မယ်"

တဖက်ကမနားတမ်းပြောသွားတဲ့စကားသံများကြောင့်ဖန်ပြုံးမိသွားသည်။

"ဘာမှမ၀ယ်လာနဲ့တော့ရိုက်ကွင်မှာပဲစားလိုက်မယ်"

"အင်းပါ ကိုယ်ထွက်လာနေပီနော်"

"ဂရုစိုက်မောင်းအုံး"

ဖန်ရိုက်ကွင်းသွားရန်ပြင်ဆင်ပီးအောက်ဆင်းလာသည်။

"ကိုယ်ရောက်ပီ သွားကြမယ်"

"ဟုတ်"

ဖန်ကားထဲ၀င်ထိုင်လိုက်ပီးရှုတင်ချိန်များကိုကြည့်နေသည်။ထိုအချိန်ဆိုင်လုံကသူ့ဘက်ကိုလှည့်ကြည့်တာတဖြည်းဖြည်းမျက်နှာနားသို့ကပ်လာသည်။ဖန်လဲကြောင်သွားပီးမျက်စိမှိတ်ချလိုက်သည်။

ဂျလောက်..

"ဘာလို့ခါးပတ်မပတ်တာလဲအန္တာရယ်များတယ်လေ"

"ဟမ် အော် ကျေးဇူး"

ဖန်ရှက်ရှက်နဲ့ပဲပြတင်းပေါက်ဘက်သို့မျက်နှာလွှဲလိုက်တော့သည်။

.....

"ဒါရိုက်တာ ကျနော်ရောက်ပီ"

"ဟုတ်ပီ ဒီနေ့ရိုက်မဲ့စင်းကနောက်ဆုံးပဲ အားလုံးကြိုးစားကြပါ"

>>>

"Ok ကဒ်! အားလုံးပင်ပန်းသွားကြပါပီ"

"ပင်ပန်းသွားပါပီ"

"ဖန် ခနလေး"

"ဟုတ် ဒါရိုက်တာကြီးဘာကိစ္စရှိလို့လဲ"

"မင်းကိုကုမ္မဏီတခုကရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းချင်လို့တဲ့ အဲ့တာ"

"ဟုတ်ရတယ်လေ"

"ဒီကမန်နေဂျာနာမည်ကဂင်တဲ့သူကမင်းနဲ့ဆွေးနွေးချင်လို့တဲ့"

System Pue(completed)Where stories live. Discover now