ဟယ်လီ

11.6K 933 20
                                    

<Unicode>
(ခြေကျင်းကရောတကယ်ပဲဟိုမိန်းမကြီးပြောသလိုလား)

(အဲ့တာလဲပါပေမယ့်တကယ်ကထွက်ပြေးလို့မရအောင်ပါ အမွှာနှစ်ယောက်ကစိတ်ရိုင်း၀င်ရင်သူတို့နားကထွက်ပြေးတာကိုပိုမုန်းတယ် သူတို့ကိုကြောက်လန့်နေတာမြင်ရင်သူတို့အဖေကိုကြောက်လန့်ပီးထွက်ပြေးဖို့ကြိုးစားဖူးတဲ့သူတို့အ‌မေကိုပြန်မြင်ယောင်တတ်တာကြောင့်လေ)

(အော်)

(သူတို့စိတ်ကိုကုစားဖို့ကလွယ်ပါတယ် အချင်းချင်းမို့ပြောပြတာနော်)

(အေးပါကွာပြော)

(သူတို့ဒေါသထွက်နေရင်ထွက်မပြေးနဲ့အချိုသာဆုံးပြုံးပြပီးဖက်ထားပေးလိုက်)

(မင်းပြောတာတော့လွယ်တာပေါ့သွားဖက်မှလည်ပင်းထညစ်နေရင်ရော)

(အဲ့ဒါကတော့hostရဲ့ကံပေါ့)

(ငါ့လူကဘယ်သူလဲမသိဘူး နေသန်ကဇာတ်လိုက်မနဲ့ညားတယ်ဆိုတော့ရေမန်များလား)

(အသက်ရှင်အောင်သာကြိုးစားစမ်းပါ မပြောလိုက်ချင်ဘူး)

*ဟယ်လီလို့ပဲသုံးပါတော့မယ်*

ဟယ်လီသူ့ပစ္စည်းတေနေရာချပီးအချိန်ကိုကြည့်လိုက်တော့နေလည်ရောက်ပီမိုနေ့လယ်စာပြင်ကာအပေါ်ထပ်တက်လာသည်။

ဒေါက် ဒေါက်

"သခင်လေးတို့နေ့လယ်စာရပါပီ"

အသံပေးကာနေ့လယ်စာတင်ထားတဲ့တွန်းလှည်းကိုအခန်းရှေ့မှာထားကာအောက်ထပ်ပြန်ဆင်းလာသည်။အောက်ထပ်ဧည့်ခန်းတွင်အနည်းငယ်ညစ်ပတ်နေတာကြောင့်အ၀တ်စုတ်တစ်ခုယူကာကြမ်းတိုက်နေလိုက်သည်။ထိုအချိန်လှေကားမှဆင်းလာတဲ့လူနှစ်ယောက်ကိုတော့သတိမထားမိချေ။ဟယ်လီကလေးဘက်ထောက်ကာကြမ်းတိုက်ရင်းစားပွဲခုံအောက်ကို၀င်တိုက်တော့သွယ်လျှတဲ့ခါးလေးနဲ့လုံးကစ်နေတဲ့မက်မွန်သီးလေးဟာသိသိသာသာပေါ်လွင်နေသည်။

"အဟမ်း!"

ဒုတ်

ရုတ်တရက်အသံကြားလိုက်တာကြောင့်လန့်ပီးထလိုက်ချိန်စားပွဲနဲ့ခေါင်းနဲ့တိုက်မိသွားတော့သည်။

System Pue(completed)Where stories live. Discover now