နွေဦး

10.1K 872 36
                                    

<Unicode>
သူရိန်ဧည့်ခန်းမှာထိုင်ရင်စဉ်းစားနေမိသည်။သူဘာလို့ဒီကောင်လေးအိမ်ကိုလိုက်နေမိတာပါ့လိမ့်။တကယ်ဆိုရင်သူကြီးရဲ့အိမ်မှာနေရင်အစစအရာရာအေးဆေးသက်သာမှာဖြစ်သည်။သို့ပေမယ့်သူဒီကောင်းအိမ်မှာသာလိုက်နေဖို့စိတ်အားထက်သန်နေမိသည်။

"မြို့အုပ်မင်းဆိုတဲ့လူကြီးရေ!"

နောက်ဖေးကကောင်လေးရဲ့ခေါ်သံဖြစ်သည်။

"ကိုယ့်ကိုခေါ်တာလား"

"မြို့အုပ်မင်းကခဗျားမဟုတ်ဘူးလား"

"ဟုတ်‌တယ်လေ"

"အေးလေအဲ့တော့ခဗျားကိုခေါ်တာပေါ့"

"ဘာလို့လဲ"

"ကျနော်ရေလဲပုဆိုးကျန်နေခဲ့လို့လာပေးပေးပါလား"

"ဟူးး ကိုယ်ကမြို့အုပ်မင်းဆိုတာသတိတောင်ရလဲလားမသိဘူး"

တန်းပေါ်လှမ်းတင်ထာတဲ့ပုဆိုးကိုယူကာနောက်ဖေးရေချိုးသည့်အုတ်ကန်သို့လျှောက်လာသည်။ထိုအချိန်အုတ်ကန်ဘေးမှာရေစိုနေသည့်အဖြူလုံးလေးကြောင့်မှင်သက်သွားသည်။ဖြူ၀င်းနေတဲ့ရင်ဘတ်လေးကရေသီးလေးတေတွဲခိုနေပီးရေ၀တ်ချိုးထားတဲ့ပုဆိုးကလဲရေဆိုနေတာကြောင့်ကပ်နေပီးကိုယ်လုံးကောက်ကြောင်းဟာသိသိသာသာပေါ်နေသည်။

(ဇာတ်လိုက်ရဲ့စိတ်၀က်စားမှု 25%)

(မြန်လိုက်တာ ငါတောင်ဘာမှမလုပ်ရသေးဘူး မဟုတ်မှငါ့ပုံကြောင့်လား)

(အသိသာကြီးကို)

(ဒီလူကြီးကလေ ဘယ်ဘ၀ရောက်ရောက်ငါ့ကိုမဘူးရမနေနိုင်ဘူး)

"ပုဆိုးပေးလေ"

"အော် အဟမ်းး ရော့"

"ကျေးဇူး"

သူရိန်နောက်ဖေးမှအမြန်ပြေးထွက်လာပီးပူလောင်လာတဲ့ကိုယ်ကိုတည်ငြိမ်အောင်ကြိုးစားလိုက်သည်။

"ဟူးး စိတ်ထိန်း ငါကနှာဘူးမဟုတ်ဘူး ဟုတ်တယ် နှာဘူးမဟုတ်ဘူး"

"ဘယ်သူကနှာဘူးလဲ"

"ကိုယ်လေ အမ်!"

"အဟက်ဟက်"

ထိုကောင်လေးကသူ့ရှေ့ကိုတဖြည်းဖြည်းတိုးလာတာကြောင့်အယောင်ယောင်အမှာမှားဖြင့်နောက်ဆုတ်လိုက်မိသည်။နောက်မှဗီဒိုနဲ့ကျောပြင်နဲ့ထိမိတော့ရပ်သွားသည်။ထိုကောင်လေးကတော့သူမျက်နှာနားတဖြည်းဖြည်းကပ်လာသည်။သူ့ထက်ခေါင်းတစ်လုံးစာပုတဲ့ထိုကောင်လေးကသူ့ကိုမော့ကြည့်ကာတဖြည်းဖြည်းကပ်လာတာကြောင့်မျက်လုံးကိုမှတ်ချလိုက်ကာနှုတ်ခမ်းကိုဆူပေးထားလိုက်သည်။

System Pue(completed)Where stories live. Discover now